Sunday, September 2, 2007

အဖေနှင့် why do we blog?


လူ၆၀၀ကျော်တဲ့


“ဟဲလို....အမေလား”
“ဟုတ်တယ်....ဘယ်သူတုန်း”
“သားငယ်။ အမေ နေကောင်းလား”
“ကောင်းတယ်....ဖေကြီးတောင် မနေ့က သားသူငယ်ချင်းတွေလုပ်တဲ့ ဘလော့ခ်ကာseminarကို သွားသေးတယ်၊ ခဏနေဦး ဖေကြီးက စကားပြောချင်တယ်တဲ့”
“ဟုတ်ကဲ့......ဟဲလို အဖေနေကောင်းလား”
“ဟဲလို...သားငယ်လား၊ အဖေနေကောင်းတယ်။ မနေ့က နေဘုန်းလတ်တို့လုပ်တဲ့ Blog Seminarသွားတယ်”
“ဟုတ်လား...အဖေ..ဘယ်ကနေဘယ်လို သိပြီးရောက်သွားတာလဲ”
“ကုမုဒြာဂျာနယ်ထဲမှာ ပါတယ်လေ..ဒါနဲ့ပဲ ဦးအောင်ဝင်းကို ခေါ်ပြီးသွားကြတာ”
“ဟုတ်..နေဘုန်းလတ်တို့ လုပ်မှန်းသိပြီး သွားတာလား”
“မဟုတ်ဘူး၊ ဟိုရောက်မှ တွေ့တော့ နေဘုန်းလတ်က တိုက်ပုံတွေ ဘာတွေနဲ့ ဆိုတော့ အဖေက မင်း စာတမ်းဖတ်မှာလား ဆိုတော့ ဟုတ်တယ်တဲ့။ ပြီးတော့ မောင်စစ်နဲ့ လည်းတွေ့တယ်၊ သူကတော့ စကားတက်မပြောဘူး၊ အောက်ကနေပဲ ၀ိုင်းပြီးကူညီနေတာတွေ့တယ်”
“ဟုတ်”
“ပြီးတော့ သားတို့ သံလွင်အိပ်မက်ရော Heavenကပါ sponser list ထဲမှာ ပါတာ အဖေတွေ့ခဲ့တယ်”
“ဟုတ်တယ် သားတို့ တွေ အားလုံး မြန်မာပြည်က ဘလော့ခ်ကာတွေရော နိုင်ငံတကာက ဘလော့ခ်ကာတွေပါ ၀ိုင်းပြီးလုပ်ထားကြတာ၊ သားတို့အပြင်က ဘလော့ခ်ကာတွေကတော့ supportလုပ်ပေးရုံသက်သက်ပါ၊ မြန်မာပြည်က ဘလော့ခ်ကာတွေကတော့ အဲဒီပွဲအတွက် တော်တော် ပင်ပန်းကြရှာမယ်”

ကဲ...ပြော...ဘလော့ခ်ရဲ့ သမိုင်း


“Registerလုပ်တုန်း ဖေကြီးအီးမေးလ် addressကိုတောင်းတော့ မေ့နေတယ်လို့ ပြောလိုက်တယ်။ ဟားဟား အဲဒါနဲ့ ရတယ် အန်ကယ်လ်တဲ့ မထည့်လည်း ကိစ္စမရှိပါဘူးတဲ့ပြောတယ်။ seminarစတော့ နေဘုန်းလတ်က အရင်ဆုံးစကားစပြောတာ”
“ဟုတ်.ပြီးတော့ ညီလင်းဆက်တို့ဘာတို့လည်း ပြောသေးတယ်မဟုတ်လား”ဆိုပြီး ကျွန်တော့်အဖေများ သူတို့ကို သိမလားလို့ မေးကြည့်တော့...
“အင်း ဟုတ်တယ်။ ညီလင်းဆက်တို့၊ မယ်လိုဒီမောင်တို့၊ စေတန်ဂေါ့ဆိုတာရယ် ပြီးတော့ ဘာညာဘာညာဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း ပါသေးတယ်”
“အဟီး .. ...ဟုတ်တယ်....သူတို့တွေ အားလုံး သားသူငယ်ချင်းတွေချည်းပဲ၊ မနေ့က ပွဲလုပ်တဲ့အချိန်တောက်လျှောက် သားလည်း သူတို့နဲ့ အတူတူရှိနေပါတယ်။ အဲဒီမှာ laptopတွေနဲ့ ထိုင်နေတဲ့ လူတွေနဲ့ live chat သဘောမျိုးလုပ်နေတာ”
ပေါက်ကရ သီချင်းတွေ ဆိုနေတဲ့အကြောင်းပြောရင်တော့ အဖေက ထင်မှာပဲ။ ငါ့သား တော်တော်ပေါတယ်လို့...။ (ချိုပြုံးရွှင်သော ဘလော့ခ်ပျိုမယ်...တကိုယ်လုံးမီချော အလှပိုတယ်၊ ဘလော့ခ်မြို့နဲ့ တမြို့တည်းဖွားလို့ ဆိုကြပြန်တယ်၊ ဘလော့ခ်ကလေး တသသနဲ့ မြှောက်လို့ပေးတာမဟုတ်ကွယ်၊ ထွန်းသစ်စ ကွန်မန့်တွေရယ်...တို့...။ ကမ္ဘာကို ဘလော့ခ်များနဲ့ ဆေးချယ်၊ ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့၊ အပြာရောင်မိုးသားများရဲ့ အောက် တို့များဘလော့ခ်မယ် ဆက်ရေးစို့၊ ကျေးဇူးတရာများနဲ့ ချစ်သောကမ္ဘာမြေကို....အင်း အရှိန်ကခုထိမသေသေးဘူး)အဖေနဲ့ ပြောတဲ့အကြောင်းဆက်ဦးမယ်။

T-Shirtရသွားလို့ ပြုံးပျော်နေတဲ့ ကျွန်တော့်ဦးလေး လူပျိုကြီး


“ဒါနဲ့ ဖေကြီးက ဘယ်လိုဘလော့ခ်ကို စိတ်ဝင်စားသွားတာတုန်း”
“သြော်... သားသင်္ကြန်တုန်းက ပြန်လာတော့ ဘလော့ခ်အကြောင်း ပြောတာကြားဖူးတယ်လေ၊ ပြီးတော့ အန်တီဆင့်ကလည်း သားနဲ့ ညီညီရဲ့ ဘလောခ့်ကို ဖတ်တဲ့အကြောင်း၊ ၁၀တန်းအောင်ပြီး အင်ဂျင်နီယာလုပ်ရမလိုလို၊ ဘာလုပ်ရမလိုလိုဖြစ်နေတဲ့ အကြောင်းတွေ ပြောပြတယ်။ ဖေကြီးလည်း ဘလော့ခ်ဆိုတာ ဘာလဲ သေသေချာချာမသိလို့ သိချင်တာနဲ့ သွားတာ။”
အမ်....ကျွန်တော့်အဒေါ်ကလည်း ကျွန်တော့်ဘလော့ခ်ကို ဖတ်တယ်ဆိုပဲ။ ဘယ်ကနေ ဘယ်လိုသိလည်း မေးတော့.
“ညီညီဘလော့ခ်ထဲက လင့်ခ်တွေ့လို့ ဖတ်တာတဲ့”
အင်း ...ကျွန်တော့်ဘလော့ခ်ကို USက အကိုတွေအမတွေ ကလည်းဝင်ဖတ်တော့ တော်တော်များလာပြီ။ ဟီးဟီး လေးဖြူက “အခုဒီပွဲကို လာကြည့်ကြတဲ့ တ၀က်လောက်က ကံစမ်းမဲဖောက်ပြီး အလကားလာကြည့်ကြသူတွေပါ။ ကျန်တဲ့တစ်ဝက်ကတော့ ကျွန်တော့်တို့အမျိုးတွေပါ”
ဆိုပြီးပြောသလို “ကျွန်တော်
့ဘလော့ခ်ကို လာဖတ်ကြတဲ့ တ၀က်လောက်က အင်တာနက်ကနေ ကံစမ်းစရာမလိုပဲ အလကားလာဖတ်ကြတာဖြစ်ပြီး ကျန်တဲ့ တ၀က်ကတော့ ကျွန်တော့်အမျိုးတွေပါ”ဆိုပြီး ပြောရမလိုဖြစ်နေပြီ။
နောက်ပြီး Seminarနဲ့ ပတ်သက်တဲ့ အမြင် အဖေက ဒီလိုဆက်ပြောပါတယ်။
“အကုန်လုံးလူငယ်တွေချည်းပဲလုပ်ကြတာ။ ကောင်းတယ်၊ အရမ်းကောင်းပါတယ်။ အဖေက ဟိုလိုမျိုး formalအရမ်းကျတဲ့ seminarတွေပဲ တက်ဖူးတာ၊ ဒါမျိုးလွတ်လွတ်လပ်လပ်နဲ့ seminarမျိုးမတက်ဖူးဘူး။ လာကြတာလဲ လူတွေက ခန်းမတစ်ခုလုံး အပြည့်ပဲ။ တက္ကသိုလ်က ပါမက္ခတွေတောင် ပါသေးတယ်။ နောက်ဆုံး ကံစမ်းမဲဖောက်တော့ ဦးအောင်ဝင်းတောင် စပို့စ်ရှပ်တစ်ထည်ပေါက်သေးတယ်။ ”လို့ ၀မ်းသာအားရ ဂုဏ်ယူဝင့်ကြွားစွာပြောပါတယ်။
ဟုတ်ပါတယ်အဖေ...အဲဒါသားတို့ ဘလော့ခ်ကာလူငယ်တွေရဲ့ ပထမဆုံးကြိုးပမ်းမှုပါ...နောက်လည်း အခြေအနေပေးရင် ဒါမျိုးလွတ်လပ်ဆန်းသစ်စွာနဲ့ ပွဲတွေလုပ်ကြဦးမှာပါ။ သားတို့လို လွတ်လပ်မှုကို ခုံမင်တဲ့ လူငယ်ဘလော့ခ်ဂါတွေရဲ့ ရေးသားမှု ပြောဆိုမှုတွေက အဖေတို့လို လူကြီးတွေရဲ့ ရင်ထဲကို လွတ်လွတ်လပ်လပ်ရောက်ရှိသွားတယ်၊ ဘလော့ခ်ဆိုတာ ဒါပါလားဆိုတာ သိသွားတယ်ဆိုရင်ပဲ ဒီပွဲကို သားတို့လုပ်ရကျိုးနပ်ပါပြီ။ တကယ်ပါ အဖေ...သားကတော့ တခြားသားသူငယ်ချင်းဘလော့ခ်ဂါတွေနည်းတူ မြန်မာဘလော့ခ်ဂါတစ်ယောက် ဖြစ်ရတဲ့အတွက် အမြဲ ဂုဏ်ယူနေမှာပါ။

ဓါတ်ပုံများကို http://why-do-we-blog.blogspot.com/ နှင့် http://www.minnyoonthit.blogspot.com/တို့မှ ရယူပါသည်။

17 comments:

NayPhoneLatt said...

နောက်ဆုံးစာပိုဒ်လေးလန်းတယ် မြန်မာဘလော့ဂါတစ်ယောက်ဖြစ်ရတာကို ငါလဲဂုဏ်ယူတယ် ... အထူးသဖြင့် အခုလိုစုစုစည်းစည်းနဲ့ ပေါင်းဆုံရတာကိုပိုပြီး ဂုဏ်ယူတယ် ....

MELODYMAUNG said...

ချိုပြုံးရွှင်သော ဘလော့ခ်ပျိုမယ်...တကိုယ်လုံးမီချော အလှပိုတယ်သီချင်းကရယ်ရတယ် အဲဒီစာသားကြိုက်သွားပီ အဟိ
ပြီးတော့ seminar နဲ့ ပါတ်သက်တဲ့ ဇင်ကိုလတ်အဖေရဲ့ အမြင်လေးကို ပြန်သိရတာလဲ မြန်မာဘလော့ခ်ဂါတစ်ယောက် ဖြစ်ရတဲ့အတွက် အမြဲ ဂုဏ်ယူနိုင်တာပေါ့

Anonymous said...

this is cool bro, အစ်ကို့ဖေဖေနဲ့ အဒေါ်တွေက ခေတ်မှီတာပေါ့.. အစ်ကို့ ဘလော့ခ်ကို အမျိုးတွေကြီးပဲမဟုတ်ပါဘူး.. လူမသိသူမသိ ဖတ်နေတဲ့သူတွေလည်းရှိပါတယ်.. မနေ့က လိုင်ဘရီတောင် မသွားပဲ သီချင်းတွေနဲ့ ဧည့်ခံရတာ မောသွားပြီထင်တယ်.. ဒါပေမဲ့ ပျော်စရာကြီးနော်.. =)

Anonymous said...

သီချင်းတွေနဲ့ ဧည့်ခံပေးတဲ့ ကိုဇင်ကိုလတ်ကြီး ရဲ့ နိုင်ဂျံခါးကနေ ပံ့ပိုးပေးမှုကို အရမ်းအရမ်း အလွန့်အလွန့် အပရီရှီရိတ် လုပ်ပါကြောင်း။ တော်တယ်ဗျာ တစ်ကယ် လက်တန်းစပ်တာပဲ။

မြန်မာဘလောက်ဂါတစ်ယောက်ဖြစ်ရတာကို ဂုဏ်ယူပါကြောင်း၊ ဒီလိုလူတွေနဲ့ခင်မင်ရတာလည်း ဂုဏ်ယူပါကြောင်း။ ယိစ့်

pandora said...

ဇင်ကိုအလတ် ရေ ညည်းသီချင်းစာသားတွေ အကုန်ချရေးပါဦးဟ

ကိုဖြိုး said...

အင်း... ဇင်ကိုလတ်တစ်ယောက် လေယာဉ်ခိုးစီးပြီးပြန်လာတယ်ဆိုတာ တကယ်လား

A random thoughts of a Burmese man said...

ဟုတယ်ဗျာ စုစည်းညီညာ ပျော်ရွှင်ဖွယ် ဘလော့ဂါများရဲ့ ဆီမီနာလေး တစ်ခုပါဘဲ။ ဘလော့ဂါ တစ်ယောက် ဖြစ်ရတာကို ဂုဏ်ယူမိပါတယ်..ဟိုလိုလူကြီးရေ...

ဒီဝိုင်း (D'vine) said...

သီချင်းတွေကိုတော့ ခိုက်သွားပြီဗျို့ ....း)

Anonymous said...

ဇင်ကိုလတ်ရေ.. ဘလောဂ့်နန္ဓာ သီချင်းရေးသားသူအဖြစ် ရာထူး ခန့်အပ်လိုက်သည် ။

မင်းပြောသလို.. ခုလို ရင်းနှီးနွေးထွေးတဲ့ ဗမာဘလောဂါ့အသိုင်းအ၀ိုင်းထဲမှာ ဘလောဂါ့မောင်နှမတွေနဲ့ တွေ့ ခွင့်ရတာတွက် အမြဲ ဂုဏ်ယူ ၀မ်းမြောက်နေမှာပါ ။

မင်း အမျိုးတွေကတော့ တယ် ခေတ်မှီတာကိုး .. ကောင်းပ ကောင်းပး)

ညီညီ(သံလွင်) said...

ဦးအောင်ဝင်းကြီးတစ်ယောက်တော့ တီရှပ်တစ်ထည် ပွသွားတာပေါ့။

Unknown said...

i got not only T shirt but a;so many about blog and after that i got a name on blogspot aungthan112.blogspot.com

sisain said...

တွေ့ခဲ့တယ်ဟေ့ တွေ့ခဲ့တယ်။ ဦးအောင်ဝင်းကြီး တီရှပ်ရတာ တပြုံးပြုံးနေတာပဲ..ဟိ

Mr.Pooh @ မောင်ပွတ် said...

ကိုဇင်ကိုလတ်ရေ - ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ထားတာထက် ပိုတဲ့၊ ရခဲတဲ့ ပျော်ရွှင်မှုတွေနဲ့ စည်ကားခဲ့တဲ့ Seminar မှာ အစ်ကိုနဲ့အတူ Online က တက်ရောက်ခဲ့တဲ့ သူငယ်ချင်းတွေ အားလုံးလည်း ရန်ကုန်နဲ့ ထပ်တူပျော်ရွှင်ခဲ့ကြပါတယ်။ အချိန်လုပြီး အစ်ကို စပ်ဆိုလိုက်တဲ့ သီချင်းတွေကြောင့်ရောပေါ့။

Unknown said...

really love u all.

Anonymous said...

Hello. And Bye.

Anonymous said...

uh... funny thread )

Nayi Min Khin said...

Wow, what can I say? >>> Awesome! ကျွန်မအနေနဲ့ မြန်မာဘလော့ဂါတစ်ယောက် အခုမှဖြစ်လာပေမယ့် ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်