
တခြားဆိုင်တွေ မဖွင့်သေးတာနဲ့ ဖွင့်ထားပြီးပြီ ဖြစ်တဲ့ ရနံ့သစ်ဆိုတဲ့ ဆိုင်မှာ သွားစားဖြစ်တယ်။ ထမင်းနဲ့ ဟင်းကို စင်္ကာပူစတိုင်လ်ပုံထည့်ပေးတာ မဟုတ်ပဲ၊ မြန်မာဆန်ဆန် ပန်းကန်သပ်သပ်နဲ့ ခွဲထည့်ပေးတာ။ အသားနှစ်မျိုး အရွက်တစ်မျိုးဆို သုံးကျပ်၊ သုံးကျပ်ခွဲပဲဆိုတော့ တန်တယ်ဆိုရမယ်။ ထမင်းပန်းကန်တချပ် ဟင်းပန်းကန်သုံးချပ်နဲ့ ငါးပိရည်ကိုလည်း ပုလင်းလေးနဲ့ ကိုယ့်စားပွဲမှာ ယူထားလို့ရတယ်ဆိုတော့ အိမ်မှာ စားရသလိုပဲပေါ့။ အခုနောက်ပိုင်းတော့ ဧရာဝတီဆိုတဲ့ ဆိုင်ကြီးရယ် Mandalay Cafeဆိုလားရယ် နောက်တစ်ဆိုင်ရယ် သုံးဆိုင်တောင် ထပ်ဖွင့်တယ်။ နောက်ကြုံမှ သွားစားကြည့်ရဦးမယ်။
7 comments:
Nice blog. Thats all.
တယောက်တည်း စားမှာ ဟုတ်လို့လား ဟားဟား ။
စားချင်လာပြီ ညီလေးရေ... ကိုယ်လာဖတ်တယ်ညီလေးရေ...
၂ ထပ်၊၃ ထပ်၊၄ထပ်၊၅ထပ်၊B1 ကြာရင် Penasular Plaza ကနေ Burma Palaza ဖြစ်တော့မယ်နဲ့တူတယ်။
လင်းဦး ညီလေးရေ ဆိုပါလား.. နင့်ထက် အသက်အများကြီး ကြီးတယ် လင်းဦးရဲ့.. တော်တော် အကိုလုပ်ချင်နေတယ်.. :P
dude,
eating a lone sure or not?
don't bluff me!
ဧရာဝတီမှာ ဟိုတစ်လောက ၅ဝ%လျှော့ပေးတယ်ဆိုလို့သွားစားတာ.. ပြီးတော့ ပေးလဲမပေးဘူး.. သူ့ရဲ့ ၅ဝ%က ဘယ်လိုစည်းကမ်းချက်တွေထားထားလဲတော့မသိဘူး.... နောက်ဆိုမစားခင် အားလုံးအရင်မေးရမယ်..
Post a Comment