Friday, June 15, 2012

အကောင်းဆုံး အီလက်ထရောနစ် အိတ်ဆောင် ပစ္စည်း ၁၀ခု

 Samsung Galaxy S II : Galaxy S II သည် Apple iPhone ၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်ကာ ဈေးကွက်ကို စဖြန့်သည့် အချိန်မှ ယခုထိ ဖုန်းအလုံးပေါင်း ၁၀ သန်းခန့် ရောင်းချပြီးဖြစ်သည်။ Galaxy S II ၏ အဓိကအားသာချက်များကတော့ dual-core 1.2 GHz အမြန်နှုန်း ရှိသော processor ၊ 1 GB ရှိသော RAM နှင့် အရောင်အသွေးစုံလင်၍ ပုံရိပ်ပြတ်သားမှု အထူးကောင်းမွန်သော Super AMOLED ဖန်သားပြင်တို့ ဖြစ်သည်။ ထိုမျှမက ဖုန်း၏ နောက်ကျောဖက်ရှိ 8 Megapixelကင်မရာ နှင့် Video chat ပြုလုပ်နိုင်သော အရှေ့ဖက်ရှိ 2 Megapixel ကင်မရာတို့မှလည်း 1080p ထုတ်လုပ်ပေးနိုင်သော HD ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။


     Apple iPhone 4S : Apple ၏ တည်ထောင်သူ Steve Jobs သက်တမ်းတွင် နောက်ဆုံးထုတ်လုပ်ခဲ့သော ဖုန်းဖြစ်ကာ ပိုမို မြန်ဆန်သည့် processor, ပိုမိုကောင်းမွန်သော အလင်းရောင် ထိတွေ့မှု ကင်မရာနှင့် မိမိ၏ ကိုယ်ပိုင်အသံဖြင့် ဖုန်းခေါ်နိုင်၊ sms ပို့နိုင်သည့် Siri Application တို့ဟာ iPhone 4S ၏ အဓိက အားသာချက်များ ဖြစ်၏။



Samsung Galaxy Tab 750 : ဈေးကွက်ထဲတွင် Samsung Galaxy Tab 10.1 ဟုလည်း လူသိများသော Tab 750 ကို Apple က သူ၏ iPad ထုတ်လုပ်မှုအား အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာတစ်ခုအဖြစ် မြင်လေသည်။ ၁၀.၁ လက်မခန့်ရှိသော Galaxy Tab သည် အောက်တိုဘာလအတွင်းက ထုတ်လုပ်ခဲ့သည့် ၇လက်မအရွယ် Galaxy Tab ထက် ပိုမိုကောင်းမွန်ရန် ထုတ်လုပ်ခဲ့သော ကိရိယာတစ်ခုလည်းဖြစ်သည်။ ထို Galaxy Tab 10.1 ဟာ Google ၏ နောက်ဆုံးထုတ်လုပ်လိုက်သော Android ကို အသုံးပြုထား၍ Tegra 2 ဟု ခေါ်သော Nvidia ၏ dual core processor ကို အသုံးပြုထားလေသည်။ Galaxy Tab 10.1သည် iPad 2 ထက် ပိုမိုကြီးမားကာ အလင်းထုတ်လုပ်မှုကောင်းသော ဖန်သားပြင်ရှိ၍ iPad 2 ထက် ပိုပေါ့ပါးသော အလေးချိန်ရှိ၏။ သို့သော် Application ပေါင်း ၄၂၅ ၀၀၀ ကျော်ရှိသော Apple ၏ App Store နှင့် နှိုင်းယှဉ်ပါက Application ပေါင်း ၂၀၀ ၀၀၀ ခန့်သာ ရှိသဖြင့် ထက်ဝက်မျှ အားနည်းနေသည်ကို တွေ့ရမည် ဖြစ်၏။




Apple iPad 2 : iPad 2 မှာ  Samsung နှင့် အခြား Android အသုံးပြုသော Tablet များ၏ ယှဉ်ပြိုင်မှုကို တောင့်ခံ၍ Tablet ဈေးကွက်ကို ယခုအချိန်ထိ လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ iPad 2 ဟာ iPad 1 ထက် ၃၃ရာခိုင်းနှုန်း ပိုပါး၍ ၁၅ရာခိုင်နှုန်းပိုပေါ့ကာ ဖန်သားပြင်မှာတော့ ယခင်ကဲ့သို့ ၉.၇ လက်မရှိလေသည်။ ပိုမိုမြန်ဆန်သော Dual-core A5 processor ကို အသုံးပြုထားသောကြောင့် CPU ၏ လုပ်နိုင်စွမ်းကို ၂ဆပိုမို အားကောင်းစေ၍ Graphics တင်ဆက်ပြသချက်များကို ယခင်ထက် ၉ဆ ပိုကောင်းစေကာ ယခင်ကဲ့သို့ပင် ၁၀နာရီခန့် ကြာရှည်ခံနိုင်သော ဘတ္ထရီကို ဆက်လက်အသုံးပြုထားဆဲဖြစ်သည်။




Samsung Galaxy Nexus : Google ၏ software နှင့် Samsung ၏ hardware တို့ကို ပေါင်းစပ်လိုက်သော အခါ Apple ၏ နောက်ဆုံးပေါ် iPhone ကို ယှဉ်ပြိုင်ရန် အကောင်းဆုံး လက်ကိုင်ဖုန်းအဖြစ် Galaxy Nexus ကို ထုတ်လုပ်ထားသည်။  Google ၏ နောက်ဆုံး Version Ice Cream Sandwich (သို့မဟုတ်) Android 4.0 ကို သူ၏ OS အနေဖြင့် အသုံးပြုထားသည်။  သူ့ရဲ့ ဖန်သားပြင်ဟာ ၄.၆၅လက်မရှိပြီး Android beam ဆိုတဲ့ App ဖြင့် Nexus ဖုန်းနှစ်လုံးကို ကျောချင်းဆိုင်ထားကာ website၊ ဓါတ်ပုံနှင့် ဗီဒီယိုများကို ဖလှယ်နိုင်ကြ၏။



      Kindle Fire : Apple နှင့် Samsung တို့၏ tablet စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ထုတ်လုပ်လိုက်သော Kindle Fire ဟာ Amazon ၏ tablet တစ်ခုဖြစ်၍ သူ၏ နာမည်ကြီး Kindle (ebook reader) ဟာ တစ်ပတ်လျှင် စက်အလုံးရေ ၁သန်း ခန့် ရောင်းချနေရသည်။ Amazon ဟာ iPad ၏ အားနည်းချက်များကို အခြေခံပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ၇လက်မရှိသော ဖန်သားပြင်၊ ချိုသာသော ဈေးနှုန်း၊ cloud ပေါ်တွင် ကန့်သတ်ချက်မဲ့ သိမ်းစည်းနှိုင်မှု၊ ရပ်နားမှုမရှိသော Streaming များအပါအ၀င် Amazon ၏ များပြားလှစွာသော ဗဟုသုတအရင်းအမြစ်များကို လက်ဖျားထိပ်လေးပေါ်တွင် ရရှိနိုင်မည်ဖြစ်၏။



Aakash tablet : Android 2.3 ကို အသုံးပြုထားသော Aakash သည် ကမ္ဘာ့ဈေးအပေါဆုံး tablet အဖြစ် နာမည်ကျော်ကာ သူ့တွင် Cortex A8-700 MHz processor၊ HD video processor၊ 256 MB RAM နှင့် 2 GB ခန့် ရှိသော သိမ်းဆည်းနိုင်မှုများ ပါဝင်သည်။ အခြား စွမ်းဆောင်ရည်များအနေဖြင့် USB port, 3.5mm audio jack, ၈၀၀x၄၈၀ pixel resolution ရှိသော ၇လက်မ ဖန်သားပြင်၊ ခံနိုင်ရည်ကောင်းသော touchscreen၊ GPRS နှင့် WiFi တို့ ပါဝင်၏။




Samsung Galaxy Note : ဖုန်းလား၊ tablet လား။ Galaxy အုပ်စုဖြစ်သော smartphones နှင့် tablets အတွင်းသို့ နောက်ဆုံး ၀င်ရောက်လာခဲ့သော အရာမှာ Galaxy note ပင်ဖြစ်သည်။ သာမာန်အားဖြင့် smartphone တစ်ခုအဖြစ် အသုံးပြုရမှာ ဖြစ်ကာ 5.3 လက်မခန့် ရှိသော Super AMOLED ဖန်သားပြင်ကို တွေ့ရမည်။ သူဟာ Dell ၏ Streak 5 အားနည်းချက်များ အပေါ် အခြေခံကာ အောင်မြင်မှုများ ရရှိခဲ့သည့် Smartphone ဖြစ်သည်။ အဓိက အားဖြင့် 1.4 GHz dual-core processor၊ 1GB RAM ၊ 16GB or 32GB ရှိသော သိမ်းဆည်းနိုင်မှုတို့ ပါဝင်သည်။ ထို့အပြင် stylus pen တစ်ခု ပါဝင်ကာ အသုံးပြုသူများအတွက် ပိုမိုတိကျသော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည် ဖြစ်သည်။




Macbook Air 13’’ : နောက်ဆုံးပေါ် MacBook Air သည် ငှက်တောင်မွှေးတစ်ချောင်းကဲ့သို့ မပေါ့သော်လည်း အဲသည်လောက် နီးနီးပေါ့ပါးသည်။ Apple ၏ MacBook Airသည် အိတ်ဆောင် ကွန်ပျူတာများ၏ အလေးချိန်လျော့ချရေး ဦးတည်ချက်များ အစဟု ဆိုလျှင် Macbook Air 13’’ သည် အဲဒါ၏ နောက်ထပ်တစ်ဆင့်ဟု ဆိုရမည်ဖြစ်သည်။ ထိုအိတ်ဆောင် ကွန်ပျူတာငယ်တွင် Intel ၏ နောက်ဆုံးပေါ် CPU ကို အသုံးပြုထားကာ MacBook Air 11’’ ထက် ပိုမိုသော လုပ်ဆောင်ချက်များအတွက် သုံးနိုင်မည်ဖြစ်၏။


Nokia Lumia 800 : Nokia Lumia 800သည် Microsoft ၏ Windows mobile OS ကို ပထမဆုံးအသုံးပြုသော Nokia ဖုန်းဖြစ်သည်။ ထို့အပြင် Lumia အမည်ဖြင့် စတင်ထုတ်လုပ်သော ပထမဆုံး Nokia ဖုန်းလည်း ဖြစ်၏။ အရောင်အသွေး စုံလင်လှသော ဒီဇိုင်းများကို ရွေးချယ်နိုင်မည်ဖြစ်ကာ 1.4GHz processor, အလိုအလျှောက် Foucs လုပ်ပေးနိုင်သော 8MPရှိ ကင်မရာ၊ LED flash, နှင့် 720p ရှိသော ဗီဒီယို ရိုက်ယူနိုင်မှုတို့ ပါဝင်သည်။


ဇင်ကိုလတ်
၂၀၁၁ အတွင်း အကောင်းဆုံး အိတ်ဆောင်ပစ္စည်းတွေဆိုပေမယ့် ၂၀၁၂အတွက်လည်း အကောင်းဆုံးတွေထဲမှာ ပါမယ်ထင်ပါတယ်။ ရေးထားတာတော့  ကြာပါပြီ အခုမှ ဖိုင်အဟောင်းတွေ ပြန်တွေ့လို့ တင်လိုက်တယ်။း)

ကိုးကား ။     ။ Yahoo News - http://sg.news.yahoo.com/photos/ten-best-gadgets-of-the-year-2011-1325003755-slideshow/