Thursday, January 24, 2008

မောင်ပွတ်အတွက် မွေးနေ့ဆုတောင်း

ဘလော့ခ်စာအုပ်ကိစ္စအတွက် ရန်ကုန်မှာ ဘလော့ခ်ကာတွေ သင်္ကြန်အပြီးလောက်က ဆုံကြတော့ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသေးဘူးလေ။ အဲဒီချိန်းထားတဲ့ ဆိုင်လေးကို ကျွန်တော်နဲ့ နေဘုန်းလတ်တို့ရောက်သွားတော့ ကဗျာဆရာနဲ့ သူမက စားပွဲတစ်ခု၊ စိုးဇေယျနဲ့ ကိုမျက်လုံးက နောက်စားပွဲတစ်ခုမှာ ခပ်တည်တည်နဲ့ ထိုင်နေကြတာကို တွေ့ရတယ်။ အဲဒါနဲ့ပဲ နေဘုန်းလတ်ကနေ “ဟ ဟေ့ကောင်တွေ လာကြလေ။ ဘာလို့ တစ်ယောက်တစ်စားပွဲထိုင်နေကြတာတုန်း” ဆိုပြီး ကျွန်တော်နဲ့ တူတူ နောက်စားပွဲတစ်လုံးမှာ ၀င်ထိုင်ပါတယ်။ (ပိုပြီးကြီးတဲ့ လူများများဆံ့တဲ့ စားပွဲပါ) အစည်းအဝေးစပြီးတဲ့ အချိန်မှာ ကျွန်တော် မသင်္ကာစရာတစ်ခုသွားတွေ့ရပါတယ်။ အဲဒါကတော့ ခပ်လှမ်းလှမ်းက စားပွဲက ကောင်လေးတစ်ယောက်က ကျွန်တော်တို့ ၀ိုင်းကို ကွက်ကြည့်ကွက်ကြည့်နဲ့။

ဟ... ဒီကောင် ဘာကောင်လဲပေါ့။ ဘလော့ခ်ကာတွေ စာအုပ်ထုတ်မယ့်ကိစ္စကို သတင်းရသွားကြတာလား။ ဒီအတိုင်းကွက်ကြည့် ကွက်ကြည့်လုပ်နေရင်တော့ နည်းနည်း ပညာပေးလိုက်ဦးမှဆိုပြီး စဉ်းစားနေတုန်း သူက ကျွန်တော်တို့ဝိုင်းကို တည့်တည့်ကြီး လျှောက်လာတယ်။ ပြီးတော့ “ဘလော့ခ်စာအုပ်အတွက် အစည်းအဝေးနဲ့ တူတယ်၊ ကျွန်တော်က myanmaroa6ဆိုတဲ့ ဘလော့ခ်ကို ရေးတဲ့သူပါ။ ဘလော့ခ်ရေးတာ သိပ်မကြာသေးတော့ သိကြမယ်တော့ မထင်ပါဘူး” ။ ဟုတ်ပါတယ်။ ကျွန်တော် သူ့ဘလော့ခ်ကို မသိပါဘူး။ ပြီးတော့လည်း တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြရင်းနဲ့ စာအုပ်ကိစ္စကိုပဲ အဓိက ဆွေးနွေးဖြစ်သွားပါတယ်။

နောက်ပိုင်း ကျွန်တော် စင်္ကာပူပြန်ရောက်ပြီးတဲ့ အခါမှာတော့ ဘလော့ခ်ကာတို့ထုံးစံအတိုင်း အွန်လိုင်းမှာ တစ်ခါတစ်လေတွေ့၊ သူ့ဘလော့ခ် ကိုယ်ဖတ်၊ ကိုယ့်ဘလော့ခ်သူဖတ်နဲ့ပေါ့။ သူ့ဟာသူ ပေးထားတဲ့ နာမည်ကတော့ Mr Poohတဲ့။ ဒါပေမယ့် သူ့ကို မောင်ပွတ်လို့ပဲ ၀ိုင်းခေါ်ကြတော့ သူလက်မခံလို့ မရတော့တဲ့ အချိန်မှာ သူ့ကိုယ်သူပါ မောင်ပွတ်ပါ ဆိုတာကို လက်ခံခဲ့ရတယ်နဲ့ တူပါတယ်။ မောင်ပွတ်နဲ့ နေဘုန်းလတ်နဲ့ တပူးပူးတတွဲတွဲစာအုပ်ကိစ္စ၊ ဘလော့ခ်တွေကိစ္စ စတာတွေ လှုပ်ရှားနေတယ်ဆိုကတည်းက ကျွန်တော်နဲ့လည်း တွဲလုပ်လို့ရပြီဆိုတာကို သိလိုက်ပါတယ်။ နောက်ပိုင်း ဘလော့ခ်တိုင်း ထွက်လာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုကို အသိအမှတ်မပြုပဲ မနေနိုင်တော့ဘူး။

မောင်ပွတ် စင်္ကာပူကို ရောက်တဲ့နေ့မှာပဲ ကျွန်တော်သွားတွေ့ဖြစ်တယ်။ နောက်ပိုင်းလည်း မကြာခဏတွေ့ဖြစ်ပေမယ့် သူ့ရဲ့ အစွမ်းအစကိုတော့ နေဘုန်းလတ် စင်္ကာပူကို လာလည်ပြီးတဲ့အချိန်မှာ အတိအကျသိခွင့်ရခဲ့တယ်။ အဲဒါကတော့ သူ့ရဲ့ ဟာသဥာဏ်ပါ။ သူ့ဘလော့ခ်မှာ ဟာသတွေချည်းရေးနေတာမဟုတ်ပဲနဲ့ သူ့ရဲ့ ရုပ်က ပြောင်ချော်ချော်နောက်တောက်တောက် ဖြစ်နေတာမဟုတ်ပဲနဲ့ကို ရယ်စရာတွေ တလက်စက် ပြောနိုင်ပါတယ်။ နေဘုန်းလတ်နဲ့တောင် သူ့အကြောင်းပြောဖြစ်တော့ ဒီကောင် လူရွှင်တော်လုပ်သင့်တယ်လို့ ပြောမိပါသေးတယ်။ ကျွန်တော်က သူလုပ်နေတဲ့ ဘလော့ခ်တိုင်းမှာ တတပ်တအား ပါဝင်ပေးသလို ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက်အတွက်လည်း သူကူညီလာခဲ့ပါတယ်။

ဒီနေ့သူ့မွေးနေ့မှာတော့ ထိုင်းအစားအစာကျွေးမယ်လို့ ပြောပါတယ်။ စားလည်း စားမယ်။ မွေးနေ့အတွက်လည်း ဆုတောင်ပေးပါ့မယ်။ မောင်ပွတ်ရေ .... ငါတို့ သောက်ကြစားကြတဲ့ အခါ ဆုတောင်းတဲ့ ဆုတောင်းလေးကို သိပ်ကြိုက်တယ်ကွာ။ အဲဒါလေးပဲ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

6 comments:

Mr.Pooh @ မောင်ပွတ် said...

ကိုဇင်ကိုလတ်ရေ - ဆော်ကြည်အကြွေးကြေ၊ တော်တော်နဲ့ မသေ၊ အလုပ်မလုပ်ဘဲ ချမ်းသာပါစေလို့ ကျွန်တော်ကလည်း ထပ်ဆုတောင်းပါတယ်။ မိသားစုနဲ့ ဝေးနေတာကို အကျင့်မရသေးတဲ့ ကျွန်တော့်အတွက်တော့ Blogger တွေဟာ မိသားစုတွေလို၊ ညီရင်းအစ်ကိုတွေလို အနီးကပ်ကူညီစောင့်နေကြလို့ အများကြီး အဆင်ပြေ ဖြေသာပါတယ်။ အခုမွေးနေ့မှာလည်း ကျွန်တော့်အပျော်တွေရဲ့အများစုက Blogger တွေဆီကရခဲ့တာပါ။ အားလုံးအတွက် ကျေးဇူးပါ အစ်ကိုရေ။

diLo said...

happy birthday ko paut si :D
hee..

Mr.Pooh @ မောင်ပွတ် said...

thanks Ma Su !!!

Pinkgold said...

အကိုရေ
ထက် ဆီကိုခဏလာပြီး ပိုစ့်လာဖတ်ပြီး အကြံပေးပါအုံး
ဒီနေ့ တွေ့ဆုံပွဲလေး အကြောင်းရေးထားလို့
အကိုက စီဘောက်လည်းမရှိဘူး အက်အက်

ကြုံတုန်းလေ Happy Birthday ပါ မောင်ပွတ်ရေ

Anonymous said...

michael kors bags
coach outlet
tiffany and co jewelry
louis vuitton handbags outlet
louis vuitton sunglasses for women
true religion jeans
michael kors outlet
ferragamo shoes
replica watches
mont blanc outlet
thomas sabo outlet
reebok outlet store
ray ban sunglasses
mulberry handbags
true religion jeans
cheap jordans
pandora outlet
michael kors outlet
swarovski crystal
true religion jeans
mulberry handbags
tiffany and co
mbt shoes outlet
oakley sunglasses
michael kors outlet
michael kors outlet
tiffany jewelry
michael kors factory online
ralph lauren uk
true religion outlet
timberland boots
louis vuitton outlet online
nike blazer pas cher
rolex watches
michael kors handbags outlet
20160608zhenhong

Unknown said...

tods outlet
oakley sunglasses
toms outlet
coach outlet online
yeezy boost
ugg outlet
michael kors outlet online
adidas nmd
ugg outlet
michael kors bags
ray ban sunglasses
louis vuitton pas cher
michael kors outlet online
versace sunglasses
ugg boots on sale
the north face jackets
juicy couture tracksuit
ugg boots clearance
rolex watches,rolex replica watches,replica rolex watches,replica watches
nike outlet store online
true religion outlet
yeezy boost 350
coach handbags outlet
coach outlet
nike free running
uggs outlet
toms outlet
juicy couture outlet
ray-ban sunglasses
lululemon pants
ferragamo shoes
nike air max 90
michael kors outlet store
ugg outlet
louis vuitton outlet store
michael kors outlet online
uggs outlet
0811jianxiang