Friday, January 18, 2008

ကျွန်တော့်အကြောင်းတစေ့တစောင်း

“ဒို့ကတော့ ဒို့ကတော့၊ ဒို့ကတော့ ဘုရားကျောင်းထဲပြန်ရောက်တဲ့အချိန်” ဆိုတဲ့သီချင်းနဲ့ ဗဒင်ဖြစ်လာစေသလို၊ လင်္ကာဒီပချစ်သူဆိုတာနဲ့ ဆရာချစ်ဦးညိုကို ပြေးမြင်မိပြီး၊ ဆေးလိပ်လဲတို၊ နေလဲညိုဆိုတာနဲ့ ဆရာကြီး တင်မိုးကို သတိရကြပါတယ်။ အဲဒီလိုပဲ ဇင်ကိုလတ်ဆိုတာဖြစ်လာစေတဲ့ အက်ဆေးလေး တစ်ပုဒ် ၂၀၀၅ခုနှစ် သြဂုတ်လ သံလွင်အိပ်မက် မဂ္ဂဇင်းမှာ ပါခဲ့ဖူးပါတယ်။ အငယ်ကောင်ဆိုပြီး ညီတစ်ယောက်ရှိတဲ့ ပုံစံမျိုးရေးထားတာရယ်၊ Seagateမှာ အလုပ်ရတယ် ဆိုတာရယ်က လွဲလို့ ကျန်တာ အကုန်လောက်နီးပါးက ကျွန်တော့်အကြောင်းတွေပါ။ ဖတ်ဖူးတဲ့သူတွေအတွက်တော့ မဟုတ်ဘူးပေါ့။ မဖတ်ဖူးသေးတဲ့ လူတွေ ဖတ်ရအောင် လင့်ခ်လေး ပေးလိုက်ပါတယ်။

ကျွန်တော့်အကြောင်း - ဇင်ကိုလတ်

7 comments:

kay said...

ကျနော့် အကြောင်းဖတ် ရင်း..ပြုံး ရပါတယ်။ သဘော ကျ မိပါတယ်။ သံလွင် မောင်တွေ..ငြိမ်နေကြပါလားလို့.. အသစ်အတွက်လုံးပန်းနေတယ်ထင်တယ်။
ခင်မင်လျက်..

pandora said...

သြော်.. သူ့အကြောင်းက ဒီလိုကိုး
ဝှက်ထားတဲ့ အကြောင်းတွေ ရှိသေးတယ်မဟုတ်လား
ဒီတပတ်သံလွင်မှာ ဖွင့်ချ

su wai said...

၂၀၀၅ ခုနှစ်က ကျွန်တော့်အကြောင်းဆိုတော့ အခုရော...။ ရတနာ စိန်ကျောက် ဇယ်တောက်တမ်း မကစားနိုင်သေးဘူးလား...:)

MELODYMAUNG said...

အောင်မြင်လာတဲ့သူတွေကိုတော့ အားကျတယ်၊ အဲလိုကြိုးစားနိုင်ဖို့ရာ တကယ်မလွယ်ဘူးပဲနော်။ ဘဲလေးတွေ ရေကူးတာကတော့ လှမှလှ ကြည့်လို့ တကယ်ကောင်းပေမဲ့ သူတို့ ခြေထောက်တိုတိုလေးတွေနဲ့ ယက်နေရတာ ပင်ပန်းမှန်း မသိကြဘူးဆိုတော့လဲ ဇင်ကိုလတ်ဖြစ်လာရခြင်းအကြောင်းလေး ခုလိုပြောမှပဲ လေးစားသွားပီ ကြိုးစားကွ ဟိုလိုလူရေ ( ပြီးတော့ နင့်ရဲ့ လက်ဆောင် အင်္ကျီအဖြူရောင်လေး ကြိုက်တယ် သိုင်းခရုနော်)

NayPhoneLatt said...

မင်းပြောမှပဲ စဉ်းစားကြည့်မိတော့တယ် ... ငါ့ကိုရော နေဘုန်းလတ် ရယ်လို့ ဘယ်ပို့စ်က ဖြစ်စေခဲ့တာလဲ မသိဘူးနော် ...

Unknown said...

i love it.

chenmeinv0 said...

hilfiger outlet
seahawks jerseys
burberry handbags outlet
louis vuitton outlet online
chaussures christian louboutin
cheap jordan shoes
mlb jerseys wholesale
beats headphones
cheap ugg boots
louis vuitton borse
20171.11chenjinyan