Friday, December 21, 2007

ဝင်းအင်းဝလား၊ ဇော်ဂျီဝမ်းလား။

ဝင်းအင်းဝဆိုတဲ့ ဖောင့်ကို စွဲစွဲမြဲမြဲနဲ့ သုံးလာခဲ့တာ ၁၀တန်းအောင်စ လောက်ကတည်းက စပြီး အခုအချိန်အထိ (သံလွင်အိပ်မက်မှာ) သုံးဆဲပါပဲ။ အဲဒီအချိန်လောက်တုန်းကတော့ ရွေးစရာတခြားဖောင့်လည်း သိပ်များများစားစားရှိတာမဟုတ်တော့ ဒီဖောင့်ကိုပဲ သုံးခဲ့ကြတယ်။ သုံးဖြစ်သွားတဲ့ အဓိကအကြောင်းကတော့ နေဘုန်းလတ်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)တို့နဲ့ အတူတူ လုပ်ဖြစ်တဲ့ ဒြပ်မဲ့ကမ္ဘာ ကဗျာစာအုပ်လေး ကြောင့်ပါပဲ။ ကဗျာတွေကို အဓိကရိုက်တာက ကျွန်တော်ပေါ့။ ၁၉၉၇ နှစ်လယ်ပိုင်းလောက်က ဖြစ်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်သုံးတာ ၀င်းအင်းဝနဲ့ CE myanmarဖောင့် နှစ်မျိုးကို ရောသုံးတယ်။

နောက်ပိုင်းလည်း လိုအပ်ရင် လိုအပ်သလို သူငယ်ချင်းတွေရဲ့ ကဗျာစာအုပ်တွေကို ရိုက်ပေးတယ်။ မှတ်မှတ်ရရ ကျွန်တော့်ဘ၀မှာ ပထမဆုံး ကိုယ့်လုပ်အားနဲ့ ကိုယ်ရခဲ့တဲ့ အရာဟာ ဘောလ်ပင်လေးပါ။ ကျွန်တော့်သူငယ်ချင်းက သူတက်နေတဲ့ GTIက သူငယ်ချင်းတွေနဲ့ ပေါင်းထုတ်တဲ့ ကဗျာစာအုပ်လေးကို ရိုက်ပေးဖို့ အကူအညီတောင်းတာကို လက်ခံခဲ့တယ်။ ကိုယ်တိုင်ကလည်း ကဗျာလေးတွေ ရေးနေတဲ့သူဆိုတော့ သူတို့ရဲ့ ကဗျာစာအုပ်လေးကို အကောင်းဆုံးလုပ်ပေးလိုက်တဲ့အခါ သူငယ်ချင်းက ကျေးဇူးအရမ်းတင်ပြီး ကျွန်တော့်ကို ဘောလ်ပင်လေးတစ်ချောင်း လက်ဆောင်ပေးပါတယ်။ (ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး လုပ်အားခ လက်ဆောင်ဆိုရင်လည်း မမှားနိုင်တဲ့အတွက် အခုထက်ထိတိုင် သိမ်းထားဆဲပါ။)

အဲဒီစာအုပ်အပြင် ကျွန်တော်တို့ ဒြပ်မဲ့ကမ္ဘာ(၂)ဆိုပြီး ထပ်ထွက်တော့လည်း စာစီစာရိုက် ကျွန်တော်ပဲလုပ်။ အဲဒီနောက် လသာ(၂)က ကောင်မလေးတွေ ကဗျာစာအုပ်ထုတ်ချင်တာကိုလည်း ကျွန်တော်ပဲ ကူရိုက်ပေးခဲ့ပါသေးတယ်။ ၀င်းအင်းဝနဲ့ ကျွန်တော်နဲ့ အကျိုးပေးတာလားတော့မသိ။ ကျွန်တော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေဟာလည်း ၀င်းအင်းဝကြောင့်ပါပဲ။ အမေနိုင်ငံခြားကို ခဏသွားပြီးပြန်လာတော့ သူတို့ တဖွဲ့လုံးရဲ့ ခရီးစဉ်တွေကို Reportတင်ဖို့ အတွက် ဆိုင်မှာသွားရိုက်လည်း ပေးရမှာပဲ ဆိုပြီး ကျွန်တော့်ကို ရိုက်ခိုင်းပါတယ်။ သေသေချာချာ မမှတ်မိပေမယ့် အဲဒီတုန်းက မြန်မာငွေ၃၀၀၀လောက် ရလိုက်ပါတယ်။ (အဲဒီပိုက်ဆံတွေတော့ လိုအပ်တာတွေ ၀ယ်လိုက်လို့ ထင်တယ်၊ ကုန်ပြီ)

ဇော်ဂျီကိုတော့ စသုံးဖူးတာ လွန်ခဲ့တဲ့ နှစ်လောက်ကမှပါ။ သူကလည်း သူ့ဟာနဲ့ သူကောင်းတာပါပဲ။ အဓိကတော့ ဇော်ဂျီဖောင့်ကို ဘလော့ခ်ရေးဖြစ်တဲ့အခါ သူငယ်ချင်းတွေနဲ့ Gtalkထဲမှာ စကားပြောဖြစ်တဲ့အခါ သုံးတာများပါတယ်။ ၀င်းအင်းဝနဲ့ မတူတာက သူက (ကျွန်တော်ဘာမှန်းမသိတဲ့) Unicodeဖောင့်ဖြစ်တယ် ဆိုတာပါပဲ။ ပြီးတော့ သူ့ရဲ့ အားသာချက်က ပတ်ဆင့်တွေကို ၀င်းအင်းဝမှာလို Number Keyတွေ မလိုပဲ Tide Keyလို့ ခေါ်တာလေးနဲ့တွဲပြီး ရိုက်လို့ ရပါတယ်။ ဒါပေမယ့် သူက ဖောင့်ပုံစံတစ်မျိုးတည်းရှိတဲ့အတွက် ၀င်းဖောင့်မှာလို ၀င်း မော်လမြိုင်၊ ၀င်း တောင်ကြီး၊ ၀င်း ဗိဿနိုး၊ ၀င်း ရန်ကုန်၊ ၀င်း ကလော စသည်ဖြင့် ပုံစံတွေ ပြောင်းလို့ မရပါဘူး။

မြန်မာဘလော့ခ်တွေ စပေါ်ကာစက ၀င်းကလောနဲ့ ရေးကြတယ်လို့လည်း ဖတ်မှတ်ဖူးပါတယ်။ မြစေတီ၊ အကယ်ဒမီ၊ စီအီး၊ ၀င်း၊ ဇော်ဂျီ စသည်ဖြင့် မြန်မာဖောင့်တွေ အများကြီးရှိတဲ့ အနက်က ကျွန်တော်ကတော့ ၀င်းနဲ့ ဇော်ဂျီကိုပဲ အသုံးအများဆုံးပါ။ ၀င်းအင်းဝဖောင့်ကို သံလွင်အိပ်မက် အမှတ် ၁မှ ၁၁ အထိ၊ ပြီးတော့ ကဗျာစာအုပ် ခုနှစ်အုပ်လောက်ကို လည်း ရိုက်ဖူးပြီး ဇော်ဂျီဖောင့်ကတော့ ကျွန်တော့်ဘလောခ့်တစ်ခုလုံးပါပဲ။ ကျွန်တော်မကြိုက်ဆုံးဖောင့်ကို ပြောပါဆိုရင်တော့ ၀င်းဘားမိစ်ပါပဲ။ ဘာလို့လည်းဆိုတော့ ၀င်းဖောင့်ရဲ့ လက်ကွက်ကနေပြီး သွေဖယ်ပြီး တချို့စာလုံးတွေက တခြားခလုပ်တွေ ဖြစ်နေလို့ပါ။

ရန်ကုန်မှာ ဘလော့ခ်ကာတွေ အစည်းအဝေးလုပ်ရင် ညီလင်းဆက်နဲ့ ကိုစစ်အိမ်တို့ အင်းဝပိုလှတယ် ဇော်ဂျီပိုကောင်းတယ်။ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြတယ်လို့ ကြားရပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမြင်ဖြစ်တဲ့ ဒီပိုစ့်လေးကို အဓိက ရေးဖြစ်သွားတာပါ။ ဘယ်ဖောင့်ပိုကောင်းသည် ဖြစ်စေ ကျွန်တော် ကတော့ တလှည့်စီ အဆင်ပြေသလို နှစ်ခုလုံးကို မျှပြီး သုံးသွားမှာပါ။ တကယ်တမ်းတော့ မြန်မာဖောင့်တစ်ခုစီတိုင်းကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ကျေးဇူးကတော့ ကျွန်တော်တို့ အပေါ်မှာရှိပြီး ထိုသူများအတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမိမှာပါ။

5 comments:

MELODYMAUNG said...

ဘလော့ဂ်တွေ မရေးခင် အရင်တုန်းကတော့ ၀င်းမှ ၀င်းကွ ဘလော့ဂ်ကိုမြန်မာလိုရေးဖို့ လို့ ဇော်ဂျီနဲ့ ရိုက်မှဖြစ်မယ်ဆိုတော့ နှစ်လခွဲလောက်ကြိုးစားလိုက်ရတာ ခုတော့ ဇော်ဂျီကိုပဲစွဲသွားပီဗျ နာ့အတွက် valuable thing for year 2007 လို့တောင် ပြောရမလိုဖြစ်နေတာ ကျေးဇူးပါ ဇော်ဂျီရေ

MELODYMAUNG said...

့ဟေးးးး ဟိုလိုလူ ချင်ပူက ဘာထည့်ပေးရမလဲ ဟုတ်လား နင်နဲ့ ဖုန်းပြောတုန်းက ပြောဖူးတာလေးပဲ ပါဆယ်ထုတ်ပေးလိုက်ပါဟာ :P

ခွန်မြလှိုင် said...

merry, chris mass? or merry christmas? ဟိဟိ နောက်တာ နှစ်ကူးမှာ ပျော်ရွှင်ပါစေ ဟိုလိုလူရေ

A random thoughts of a Burmese man said...

merry X'mas ကိုဇင်ကိုလတ်

5689 said...

zzzzz2018.8.23
pandora
ray ban eyeglasses
pandora
ray ban eyeglasses
pandora jewelry
pandora
ugg boots clearance
fitflops shoes
ugg boots
uggs outlet