Friday, May 25, 2007

အစိတ်တန် ရုပ်ရှင်လက်မှတ်

Spider Man 3ကို ကြည့်မယ်ကြည့်မယ်နဲ့ မအားလို့ ဟိုတစ်ရက်ကမှ သွားကြည့်ဖြစ်တယ်။ သွားကြည့်ဖြစ်တော့လည်း Golden Villageရဲ့ Gold Classဆိုတာမှာ တစ်ခါမှ မကြည့်ဖူးလို့ လက်မှတ်တစ်စောင်ကို ၂၅ကျပ်နဲ့ ၀ယ်ရတယ်။ ပုံမှန်ရုပ်ရှင်လက်မှတ် ၇ကျပ်ခွဲတောင် များလှပြီထင်နေတာ၊ ၂၅ကျပ်ဆိုရင် Original DVDတစ်ချပ်တောင် ၀ယ်လို့ရတယ်။ ဒါပေမယ့် ထုံးစံအတိုင်း `တခါတလေပဲ၊ ပြီးတော့ အဲဒီGold Classဆိုတာကြီးကို ကြည့်ဖူးသွားတာပေါ့´ဆိုပြီး စိတ်ဖြေတွေးပြီး သွားကြည့်ဖြစ်ခဲ့တယ်။

ရုပ်ရှင်ရုံထဲရောက်တော့ ခုံနည်းနည်းလေးပဲရှိတာ တွေ့ရတယ်။ ရုံကြီးတစ်ခုလုံးမှ ၃၈ခုံပဲရှိပါတယ်။ ဒါပေမယ့် ခုံတစ်လုံးတစ်လုံးက အိပ်ရာသေးသေးတစ်ခုစာ လောက်ရှိပါတယ်။ ပြီးတော့ခုံနှစ်လုံးကြားမှာ စားပွဲအသေးလေးတစ်လုံး ရှိပြီး Menuတင်ထားပါတယ်။ ဘာတွေများရမလဲလို့ ဟိုလှန်ဒီလှန်ကြည့်တော့ Black Label, Chevasစတဲ့ Whiskyတွေအပြင် ၀ိုင်မျိုးစုံလည်း ရတာတွေ့ရတယ်။ Coke, Spriteတို့လည်း ရပြီး တစ်ခွက်ကို လေးကျပ်ပါ။ မှာစရာရှိလို့ကတော့ အဲဒီစားပွဲပေါ်က ခလုတ်သေးသေးလေးကို နှိပ်လိုက်ရုံနဲ့ စားပွဲထိုးက ဘေးနားရောက်လာပါလိမ့်မယ်။ ပထမတော့ အဲဒီခလုတ်ကိုလည်း စမ်းနှိပ်ရင်း ၀ိုင်တစ်ခွက်လောက်သောက်ရင် ကောင်းမလားလို့စဉ်းစားပါသေးတယ်။ ပြီးတော့မှ တစ်ခွက် ၂၀ဆိုတာကြီးကို ဘယ်လိုမှ မပေးချင်တာကြောင့် ပါလာတဲ့ ရေဗူးပဲ ထုတ်သောက်လိုက်ပါတယ်။

ရုပ်ရှင်မစခင် ထုံးစံအတိုင်း ကြော်ငြာတွေလာနေတုန်း အဲဒီခုံကြီးကို ကောင်းကောင်းကလိပါတယ်။ ခုံရဲ့ ဘယ်ဘက်မှာ အနက်ရောင်ခလုတ်လေးရှိပြီး ခြေတင်ထားတဲ့ဟာကို မလို့ရသလို၊ နောက်မှီကိုလည်း ဟိုးအောက်ဆုံးအထိချလို့ရပါတယ်။ Dream Bedလိုမျိုးပေါ့။ တစ်ရုံလုံးမှာ လူက ငါးယောက်တောင်မပြည့်လို့ Spider Manက ဇာတ်ရှိန်တက်လာလေ ရုပ်ရှင်ရုံကပိုအေးလာလေနဲ့ပေါ့။ ရုပ်ရှင်ကြည့်ရင် အနွေးထည်ဘယ်တော့မှ မယူတတ်တဲ့ ကျွန်တော် အဲဒီခုံအကြီးကြီးပေါ်မှာ ခြေထောက်ပါတင်ပြီးကွေးနေတုန်း ထိုင်ခုံလက်တန်းမှာ စောင်တစ်ထည်သွားတွေ့တယ်။ သန့်ရော သန့်ပါ့မလားဆိုပြီး ကြာကြာစဉ်းစားဖို့ အချိန်မရှိပါဘူး။ လက်မှတ်တစ်စောင် အစိတ်တောင်ယူထားတာ ညစ်ညစ်ပတ်ပတ်ကြီးတော့ မလုပ်လောက်ပါဘူးဆိုပြီး စောင်ခြုံကွေးပြီး ကြည့်လိုက်တာ ရုပ်ရှင်ပြီးတဲ့အထိပါပဲ။

9 comments:

NayPhoneLatt said...

ဟေ့ … ငါလာရင် သွားကြည့်ကြမယ်လေ …။ ပိုက်ဆံစုထား …။ ငါ မင်းကို Coke တိုက်မယ် …။ ဟဲ ဟဲ

Thelay said...

ချမ်းတာများ ဘေးကကောင်မလေးကို ဖက်ထားလိုက်ပေါ့ …ဟားဟား

Mr.Pooh @ မောင်ပွတ် said...

ကျေးဇူးပြု၍ မြန်မာဘလော့ဂ်စာအုပ်အတွက် စာမူများကို မေလမကုန်ခင် အမြန်ပို့ပေးစေလိုပါသည်။ မိမိဖတ်ရမည့်ဘလော့ဂ်များတွင် တင်စရာပို့မရှိပါကလဲ မရှိကြောင်းနှင့် ဖတ်ရန်အချိန်မရှိပါကလည်း မရှိကြောင်း nayphonelatt@gmail.com သို့လည်းကောင်း brvboy@gmail.com သို့လည်းကောင်း oa6.mrpooh@gmail.com သို့လည်းကောင်း မေးလ်ပေးပို့ပေးစေလိုပါသည်ခင်ဗျာ။

Anonymous said...

High Boss ပဲ.. အင်း..သဲလေးပြောသလိုလုပ်တာမဟုတ်ဘူး.. စောင်ကြီးက ဘာမှန်းမသိ..ညာမှန်းမသိနဲ့.. =P

Anonymous said...

ဘေးနားမှာရော ကောင်မလေး ပါသေးလားဟင် ။ တယောက်တည်း ၂၅ဒေါ်လာတောင် ပေးရတယ်ဆို နှမြောစရာကြီးကွယ် အဟီ ။

Unknown said...

အဲဒီထိုင်ခုံက အစိတ်သာပေးရတာ ဘေးက တစ်ယောက်ကို ဖက်ဖို့ဆိုတာတော့ ဝေးတယ်ဗျ။ ဟီးဟီး မတန်ဘူးနော်။

Min Thu said...

it must be a really comfortable chair. :)

Unknown said...

min thu >>> Yes, Exactly. very very comfortable.

Unknown said...

f6j13f7q81 q4n68d3g72 g5r02a3u50 x2e12y8y12 b2c19w8v51 n4v54f3a88