Tuesday, September 23, 2008

Super Import Night 08

ယောက်ျားလေးတွေ လည်ပြန်ကြည့်တဲ့အရာတွေထဲမှာ ကားအကောင်းစားတွေနဲ့ ကောင်မလေးချောချောလေးတွေက ထိပ်ဆုံးက ပါတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီအရာတွေကို လည်ပြန်ကြည့်စရာမလိုပဲ အားရပါးရ တ၀ကြီးကြည့်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်တုန်းက Super Import Nightလို့ ခေါ်တဲ့ ကားပြပွဲကို အဖော်ကောင်းတာနဲ့ တစ်ယောက်တစ်ဆယ်ပေးပြီး ၀င်ကြည့်ခဲ့ပါတယ်။ အစောကြီးကတည်းက ကားတွေရော ကောင်မလေးတွေပါ ဓါတ်ပုံရိုက်ဖို့ကြံစည်ထားတဲ့အတွက် အသင့်ပါလာတဲ့ကင်မရာကို မှန်ဘီလူးတပ်၊ Flashတပ်နဲ့ အလုပ်ရှုပ်ပြီး ဘာတွေ့တွေ့အကုန်ရိုက်လိုက်တာ ပုံပေါင်း ၂၀၀လောက် ရိုက်ဖြစ်လိုက်တယ်။ ဒီလိုပွဲမျိုးကို ကွန်ပျူတာပြပွဲမှာ တစ်ခါရိုက်ဖူးပေမယ့် ဒီပွဲမှာ ရိုက်ရတာ ပညာအများကြီး ပိုပါတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ည၁၀နာရီထိုးပြီဖြစ်တဲ့အတွက် အားမရသေးခင်ပြန်ခဲ့ရတယ်။

ကားတွေကို ဓါတ်ပုံရိုက်ရတာ ကောင်မလေးတွေကို ရိုက်ရတာထက်လွယ်ပေမယ့် ကားကြည့်နေတဲ့လူ၊ အပြင်လူ၊ ဖြတ်သွားဖြတ်လာတွေ ဓါတ်ပုံထဲမှာ မပါဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့တယ်။ ဒါပေမယ့် တချို့ကားတွေကို နေရာချထားတာ ကျွန်တော်လိုချင်တဲ့ အကွက်အကွင်းက မဟုတ်လို့ တချို့ကားတွေကို နေရာတောင် ပြောင်းချင်စိတ်ပေါက်မိပါသေးတယ်။



ကားပုံတွေ ပြီးတော့ ကောင်မလေးတွေပုံပါ။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်သွားအောင် စင်္ကာပူက မော်ဒယ်လ်တွေ၊ ပြိုင်ပွဲဘုရင်မ(Race Queen) တွေ အပြင် အမေရိကန်နဲ့ ယိုးဒယားနိုင်ငံတို့က မော်ဒယ်လ်တွေလည်း အများကြီးလာကြပါတယ်။ မော်ဒယ်လ်တွေက ဓါတ်ပုံအရိုက်ခံတဲ့အခါ ကိုယ့်တစ်ယောက်တည်းကို အရိုက်ခံတာ မဟုတ်ပဲ လူအယောက် ၁၀ယောက် ၁၅ယောက်လောက် ၀ိုင်းပြီး ရိုက်ကြတာ ဖြစ်လို့ သူတို့ မျက်လုံး ကိုယ့်ဖက်လှည့်ဖို့ကို အချိန်တော်တော်လေး စောင့်ပြီး ရိုက်ယူရပါတယ်။ View Finderကနေ မော်ဒယ်လ်တွေကို သေသေချာချာစိုက်ကြည့်ပြီး သူတို့မျက်လုံးက ကင်မရာရဲ့ မှန်ပြောင်းတည့်တည့်ကို ရောက်ပြီဆိုတာနဲ့ တပြိုင်နက် . . . အောက်က ပုံလေးတွေ ထွက်လာပါတယ်။

8 comments:

Mr.Pooh @ မောင်ပွတ် said...

အင်း ... ကောင်းတာလေးတွေတွေ့တော့ ... စီးချင်တယ်ဗျား)

MELODYMAUNG said...

ကားပုံတွေကျ ၉ပုံ
မော်ဒယ်လ်လေးတွေပုံကျ ၁၃ပုံ
တတ်လဲတတ်နိုင်ပါပေ့ photographer အာစရိ
အဟီးဟီး စတာ ကားပုံတွေက မောင်ပွတ်ပြောသလို စီးချင်စရာ လောလောဆယ်တော့ ကြည့်ပဲကြည့်သွားတယ် ယောက်ကျားလေးတွေတင်မဟုတ်ပဲ နာလဲကြည့်လို့ရတယ်မလား :P

Unknown said...

မောင်ပွတ် - အေး . . . ကိုယ့်အိမ်ဘေးမှာ ထိုးထားတဲ့ ကြိုက်တဲ့ကား ယူစီးလေ။ အကိုက ပိုင်ရှင်တော့မဟုတ်ဘူး။ တကယ့်ပိုင်ရှင်တွေဆီကသာ တောင်းပြီးစီးပေတော့။

မယ်လိုဒီမောင် - အဟီး ဟုတ်တယ်ဗျ။ ကားကတော့ အဟီး ၉စီးဆို လောက်ပြီလေ။ မော်ဒယ်လ်လေးတွေကတော့ ဟဲဟဲ . . ဟဲဟဲပေါ့။

Anonymous said...

beautiful cars & beautiful girls!!!

အားလုံးက အားကျစရာကြီးကွယ် ။

တောင်ပေါ်သား said...

ပိုစ့်အသစ်လေးတင်ထားပါ့ လာဆူပါဦးနော့်

တောင်ပေါ်သား said...

ကိုကြီး ဘာလဲဗျာ ဟဲဟဲ ဟဲဟဲ ဆိုတာက ဒီလူကြီး ရိုးတော့ဘူးနော့်

Anonymous said...

Cbox မရှိလို့ ကွန်မန့်မှာပဲ လာအော်သွားပြီ နော်... ဘလော့ဂါဒေးတွေ့ဆုံပွဲ ဗွီဒီယိုရပါပြီ....

Unknown said...

thomas sabo outlet
ralph lauren outlet
coach outlet store
polo ralph lauren
gucci outlet
michael kors outlet
true religion outlet
ugg boots
ugg outlet
tiffany and co
babyliss flat iron
coach outlet
coach outlet
longchamp handbags
tory burch outlet online
true religion outlet
louis vuitton handbags
ugg boots
mulberry outlet
nhl jerseys
ferragamo shoes
ralph lauren outlet
nike foamposite
fitflops sale clearance
ugg outlet
ugg outlet
nike free running
air max 90
nike free run
lululemon outlet
burberry sunglasses
chrome hearts sunglasses
coach outlet online
kobe 9 elite
ray-ban sunglasses
true religion outlet
0811jianxiang