ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။
ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။
အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ – လိုချင်တာ
(၂) ဒေါသ – ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ – မသိတာ
(၄) မာန – ထောင်လွှားတာ
(၅) ဒိဋ္ဌိ – အယူမှားတာ
(၆) ဝိစိကိစ္ဆာ – သံသယဖြစ်တာ
(၇) ထိန – မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်တာ
(၉) အဟိရိက – မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ – မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။
အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ – ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။
အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။
ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။
၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)
၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)
အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး … ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ…။
http://dhammayanantmm.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။
ရေးသားတင်ပြသူ မူကြိုဆရာ
Tuesday, June 18, 2013
Monday, June 3, 2013
အွန်လိုင်းမှာသင်/ဖြေပြီး ဒီပလိုမာတွေရယူနိုင်တဲ့နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
ထုံးစံအတိုင်း FB မှာ တွေ့လို့ မှတ်ထားပါတယ်။
original စုစည်း တင်ပြသူကို credit ပေးပါတယ်။ တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညာသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
➤ Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP
➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace ✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg
➤ LearningScience.org ✤ Link: http://is.gd/te9NqS
➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) http://blog.techspace.com.mm/2013/03/blog-post_8.html တွင်ဖော်ပြချက်အား တဆင့်မျှဝေပါသည်။

Labels:
Facebook
Saturday, June 1, 2013
ကျောက်တုံးများနှင့် ဘ၀ရဲ့ ဦးစားပေး
အရမ်းကောင်းတဲ့ သင်ခန်းစာလေးပါ။ FB မှာ တွေ့လို့။
တစ်ခါတုန်းက အတွေးအခေါ်ပညာရှင်တစ်ဦးဟာ စာသင်ခန်းထဲမှာ အတွေးအခေါ်ပညာရပ်တွေ ဟောပြောဖို့ရောက်ရှိနေတယ် ။ သူ့ရှေ့ကစားပွဲပေါ်မှာ ပစ္စည်းအချို့တင်ထားပြီး သူ မတ်တပ်ရပ်လိုက်တယ် ။ စကားတစ်ခွန်းမှမပြောပဲ ပထမဆုံးသူ အလွန်ကြီးတဲ့ ဖန်ခွက်တစ်ခွက်ကို ယူလိုက်ပြီး အထဲကို ကျောက်တုံးခပ်ကြီးကြီးတွေဖြည့်လိုက်တယ် ။
ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့မေးလိုက်တယ် ။ အကုန်လုံးက ပြည့်ပါပြီ လို့ပြန်ဖြေတယ် ။
ပြီးတော့ အတွေးအခေါ်ပညာရှင်ဟာ ကျောက်စရပ်ခဲထည့်ထားတဲ့ခွက်ကလေးကိုယူပြီး ဖန်ခွက်ထဲ လောင်းထည့်လိုက်ပြန်တယ် ။ ပြီးတော့ သူဟာ ဖန်ခွက်ကို ဖြေးဖြေးချင်းလှုပ်လိုက်တယ်။
ကျောက်စရစ်ခဲလေးတွေဟာ နေရာတစ်ခုနဲ့တစ်ခုကြားက နေရာလွတ်လေးတွေဆီ လိမ့်ဝင်သွားခဲ့တယ် ။
သူ့တပည့်တွေကို နောက်ထပ်ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ အကုန်လုံးက ပြည့်ပါပြီလို့ပြန်ဖြေတယ်။
အတွေးအခေါ်ပညာရှင်က သဲတွေထည့်ထားတဲ့ခွက်ကလေးကိုယူပြီးဖန်ခွက်ထဲလောင်းထည့်လိုက်ပြန်တယ် ။ သဲတွေဟာ ကျောက်စရစ်ခဲ ကြားလေးတွေကနေ တိုးဝင်သွားပြီးဖန်ခွက်တစ်ခုလုံးပြည့်သွားခဲ့တယ် ။
ပြီးတော့ သူ့တပည့်တွေကို ဖန်ခွက်ပြည့်ပြီလားလို့ မေးပြန်တယ် ။ ကျောင်းသားတွေကလည်း ထုံးစံအတိုင်းပြည့်ပါပြီလို့ ပြန်ဖြေခဲ့တယ် ။
အတွေးအခေါ်ပညာရှင်ကပြောတယ် ။ ` အခု ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာကတော့---
ဒီဖန်ခွက်ကလေးကို ခင်ဗျားတို့ ဘ၀ နဲ့ ကိုယ်စားပြုချင်တာပါပဲ
ကျောက်တုံးအကြီးကြီးတွေက ဘ၀ရဲ့ အရေးကြီးအစိတ်အပိုင်းတွေဖြစ်တယ် -- ခင်ဗျားတို့ မိသားစု ခင်ပွန်း ဇနီး ကျန်းမာရေး ခင်ဗျားတို့ကလေးတွေ အစရှိသဖြင့်ပေါ့ အကယ်၍ အဲဒီထဲက တချို့အရာတွေ ဆုံးရှုံးသွားတာတောင်မှ ခင်ဗျားရဲ့ ဘ၀ဟာ ပြည့် နေတုန်းပဲ
ကျောက်စရစ်ခဲလေးတွေကတော့ ခင်ဗျားရဲ့ အလုပ် ၊ အိမ် ၊ ကား အဲဒါတွေကို ကိုယ်စားပြုတယ်---သဲတွေကတော့ အရာအားလုံးပါပဲ သေးငယ်တဲ့အရာအားလုံးကိုရည်ညွှန်းပါတယ် ´
ပြီးတော့ အတွေးအခေါ်ပညာရှင်ကဆက်ပြောတယ် ။
` အကယ်၍ ဖန်ခွက်ထဲကို သဲတွေသာ အရင်ထည့်လိုက်မယ်ဆိုရင် ကျောက်စရစ်ခဲတွေ ကျောက်တုံးတွေအတွက် နေရာရှိမှာမဟုတ်ပါဘူး -- ဒါဟာ ဘ၀ နဲ့ အတူတူပါပဲ -- အကယ်၍ ခင်ဗျားတို့ဟာ သေးငယ်တဲ့ အကြောင်းအရာတွေ ကိစ္စတွေအတွက်နဲ့ ခင်ဗျားအချိန်တွေကို ကုန်ဆုံးစေမယ်ဆိုရင် ခင်ဗျား ဘ၀အတွက် အရေးကြီးတဲ့ အရာတွေထည့်ဖို့ ခင်ဗျား ဘ၀မှာ အခန်းလွတ်တွေမရှိတော့ပါဘူး -- ခင်ဗျားရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို ပေးစေတဲ့အရာတွေကို အာရုံစိုက်ပါ ခင်ဗျားရဲ့ ကလေးတွေနဲ့ဆော့ကစားပါ ခင်ပွန်း ၊ ဇနီးကို လက်တွဲပြီးလျှောက်လည်ပါ အလုပ်ကိုကြိုးစားပါ အိမ်ကို သန့်ရှင်းအောင်ထားပါ ညစာစားပွဲလေးကျင်းပပါ ´
` ကျောက်တုံးကျောက်ခဲနဲ့တူတဲ့ အရာတွေကို အရင်ဆုံးခင်ဗျားဘ၀ထဲကို လောင်းထည့်ပါ ဒုတိယအနေနဲ့ ကျောက်စရစ်ခဲနဲ့တူတဲ့အရာတွေကို လောင်းထည့်လိုက်ပါ ဘာကို ဦးစားပေးရမလဲဆိုတဲ့ Priorities ကို စဉ်းစားပါ ကျန်တာတွေကတော့ သဲပွင့်တွေချည်းပါပဲ ။
#########################
အရမ်းကောင်းတဲ့ ဥပမာပေးလေးပါပဲ ။ ကျောက်တုံးတွေနဲ့တူတဲ့ မိဘ ၊ ခင်ပွန်း ၊ ကျန်းမာရေး ၊ မိသားစု စတဲ့အရေးကြီးတဲ့အရာတွေကို ကျွန်တော်တို့ အနေနဲ့ ပထမဦးစားပေးသတ်မှတ်ရပါလိမ့်မယ် ။
ကျောက်စရစ်ခဲနဲ့တူတဲ့ အလုပ်၊ အိမ် ၊ ကား စတာတွေကိုတော့ ဒုတိယအဆင့်မှာပဲထားရပါလိမ့်မယ် ။ ကျန်တာတွေကတော့ သေးငယ်တဲ့အစိတ်အပိုင်းတွေဖြစ်တဲ့ သဲပွင့်လေးတွေပါပဲ ။ ကျွန်တော်တို့အများစုဟာ ဘာအရေးကြီးဆုံးလဲဆိုတာ မစဉ်းစားကြပဲ သဲပွင့်တွေ ကျောက်စရစ်ခဲတွေကို ဘ၀ဆိုတဲ့ ဖန်ခွက်ကြီးထဲ လောင်းထည့်နေမိကြတယ် ။ အဲဒီအခါ ဖန်ခွက်ကပြည့်သွားပြီဖြစ်တဲ့အတွက် တကယ်အရေးကြီးတဲ့ ကျောက်တုံးနဲ့တူတဲ့အရာတွေ ထပ်မထည့်နိုင်တော့ပါဘူး ။ အားလုံးပဲ ဘ၀ကို ဖြတ်သန်းတဲ့အခါ အထက်ပါ ဥပမာလေးကို သင်ခန်းစာယူကြပါစို့ ။
Credit- သက်တန့်ချို
Labels:
Facebook
Friday, May 31, 2013
Youtube မှ Myanmar Foreign Investment အကြောင်းများ
ဒါက စလုံးကတစ်ယောက်ရှင်းပြထားတာ
ဒါကတော့ အဖြူပေါ့။ မြန်မာလိုတောင် ကျွမ်းကျွမ်းကျင်ကျင်ပြောပြလိုက်သေးတယ်။
Labels:
Videos
Wednesday, May 29, 2013
ကိုကျော်ထူးအောင် ဆိုသူရဲ့ ကွန်ကရစ်လမ်းအကြောင်း
အဝေးပြေးလမ်းတွေနဲ့ ကွန်ကရစ်လမ်း သုံးမသုံးအကြောင်းလေး Facebook မှာ တွေ့တာပါ။ ဗဟုသုတရလို့ မှတ်ထားမိပါတယ်။
ဦးရဲထွဋ်ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ မေလ ၂၅ ရက် အဝေးပြေးယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ လမ်းဆောက်လုပ်ရေးနဲ့ပတ်သက်နေတော
့
ကျနော်ကိုယ်တိုင်ကလည်း လမ်းအင်ဂျင်နီယာဆိုတော့ ထောက်ပြချင်တာတွေ
အများကြီးရှိပါတယ်။ တတ်နိုင်သလောက် အကျဉ်းချုပ်ပြီး
လမ်းခင်းပညာရှုထောင့်ကနေ အပြုသဘော တင်ပြသွားမှာပါ။
ပထမဆုံးအနေနဲ့ “ကွန်ကရစ်လမ်း”သုံးမသုံးပေါ့။ အမေရိကန်ပြည်ထောင်စုကို မှီငြမ်းပြီး ပြောရမယ်ဆိုရင် ကွန်ကရစ်လမ်းကို သုံးတုန်းပါ။ (၁၈၁၈ ခုနှစ် နယူးယောက်ပြည်နယ် Erie တူးမြောင်းဆောက်လုပ်ရေးမှာ ကွန်ကရစ်ကို စသုံး။) ဒါပေမယ့် ဦးရဲထွဋ်ရဲ့ အမေရိကန်နိုင်ငံအဝေးပြေးလမ်းများရဲ့
၃၀ ရာခိုင်နှုန်းဟာ ကွန်ကရစ်လမ်းများ ဖြစ်တယ်ဆိုတာ ဘာအထောက်အထားကို
ဆွဲပြီး ပြောသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာပါ။ “ကွန်ကရစ်လမ်း” လို့
ပြောလိုက်ရင် လမ်းအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဘယ်အလွှာအတွက် သုံးတာလဲ၊
အခုမှောက်သွားတဲ့ အဝေးပြေးလမ်းမှာလို အပေါ်ဆုံး အလွှာအတွက် လား.. စသဖြင့်
မေးရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အမေရိကန်ပြည်ထောင်စု
ပြည်သူပိုင်လမ်းတွေရဲ့ Surface course အပေါ်ဆုံးအလွှာ အားလုံးရဲ့ ၉၄
ရာခိုင်နှုန်း (National Asphalt Pavement Association) ဟာ
ကတ္တရာလမ်းဖြစ်နေလို့ပါ။
ဒါဆို ဦးရဲ့ထွဋ်ပြောတဲ့ လမ်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဆိုတာ ပုံကြည့်ချဲ့သလို ဖြစ်နေတယ်ပေါ့လို့ မေးကြပါလိမ့်မယ်။ ဒါဟာ ပုံကြည့်ချဲ့တာ မဟုတ်ဘူးလို့ အတိုချုပ်ဖြေရပါလိမ့်မယ်။ တကယ်တော့ ၃၀ ရာခိုင်နှုန်းဟာ နည်းတောင်နည်းနေပါသေးတယ်။ ဒါကို ရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လမ်းတည်ဆောက်ပုံကို အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။
လမ်းချောတည်ဆောက်ရာမှာ အကြမ်းအားဖြင့် ၂ မျိုးရှိပါတယ်။ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်း။
ဒါပေမယ့် လမ်းတည်ရှိမယ့် ဒေသတည်နေရာ၊ ရာသီဥတု၊ ယာဉ်သွားလာမှုနှုန်း၊ ကုန်တင်ကားကြီးပါဝင်မှုနှုန်း၊ အောက်ခံမြေသားလွှာ၊ အနည်းတ၀ိုက် လမ်းခင်းကုန်ကြမ်းရရှိနိုင်မှုနဲ့
သက်သာမှု စတဲ့ အချက်အလက်တွေပေါ်မှာ မူတည်ပြီး ကတ္တရာလမ်းခင်းမလား၊
ကွန်ကရစ်လမ်း ခင်းမလား ဆိုတာ ဆုံးဖြတ်ကြတာပါ။ ဥပမာ - ဖလော်ရီဒါဒေသမှာ
limestone ထုံးကျောက် တွေပေါတော့ ဘိလပ်မြေ ထုတ်ရလွယ်၊ ဒါကြောင့်
ကွန်ကရစ်လမ်းတွေကို အပေါ်ဆုံးအလွှာမှာထိ သုံးတတ်ပါတယ်။ ဒါပေမယ့် ဒီဘက်
အီလီနွိုင်းလို ပြည်နယ်တွေမှာကျတော့ ထုံးကျောက်ပေါပေမယ့်
ရာသီဥတုအခြေအနေကြောင့် မသုံးပါဘူး။ နှင်းကျရင် ကွန်ကရစ်လမ်းတွေက
နှင်းရှင်းရ ခက်ပါတယ်။ နှင်းကျပြီးမကြာခင်မှာ ကွန်ကရစ်လမ်းတွေက
ကတ္တရာလမ်းတွေလို အစိုဓာတ်စိမ့်ဝင်နိုင်မှု မရှိတော့ ရေခဲလွှာတွေ လမ်းပေါ်မှာ
ဖြစ်သွားပြီး ကားမောင်းဖို့ အန္တာရာယ်ကြီးမားလှပါတယ်။ ဒါကြောင့် တံတား
bridge deck တွေကလွဲလို့ လမ်းအများစုဟာ ကတ္တရာလမ်း ဖြစ်နေတာကို တွေ့ရမှာပါ။
နောက်တစ်ခုက loading condition ပါ။ ကားတွေဖြတ်သွားရင် လမ်းပေါ်မှာ ထုထောင်းသလိုဖြစ်သွားတဲ့အတွက် stress အဖြစ်ကျန်နေခဲ့ပါတယ်။ အဲဒီ stressတွေရဲ့ အောက်ခြေအလွှာတွေအပေါ် ပြန့်နှံ့မှုဟာ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်းတွေအပေါ်မှာ ကွားခြားမှုရှိပါတယ်။ Technical အရမ်းမဆန်ပဲ အတိုချုပ်ပြောရရင် ကတ္တရာလမ်းတွေဟာ stress ပြန့်နှံ့နိုင်ဖို့ အလွှာလေးတွေ အမျိုးမျိုးခံပြီး ခင်းရပါတယ်။ အဲဒီအလွှာတွေထဲမှာ ကွန်ကရစ်အလွှာလဲ ပါတတ်ပါတယ်။ အထူးသဖြင့် Interstate လို့ခေါ်တဲ့ ပြည်နယ်ကြားကူးလူးသွားလာနိုင်တဲ့ 
အဝေးပြေးလမ်းမကြီးတွေမှာ ကတ္တရာလမ်းတွေကို အပေါ်ဆုံး ၂လွှာ ၃ လွှာလောက်
ခင်းတတ်ပြီး အဲဒီအောက်မှာ ကွန်ကရစ်အလွှာတွေကို အောက်ခံခိုင်မာမှုရှိအောင်
ဆိုပြီး ခင်းတတ်ပါတယ်။
ဒါကြောင့် ကားမောင်းသူတွေအဖို့ အပေါ်လွှာပဲ မြင်ရပြီး ကတ္တရာလမ်းတွေပါပဲလို့ ထင်နိုင်သော်ငြားလည်း လမ်းတစ်ခုလုံးမှာ ပါဝင်တဲ့ အလေးချိန်အားဖြင့် ယှဉ်ထိုးကြည့်မယ်ဆိုရင် ကွန်ကရစ်ပါဝင်မှုနှုန်းဟာ မြင့်နေရခြင်းဖြစ်ပါတယ်။ Federal Highway Adminstration (FHWA) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု အဝေးပြေးလမ်းအုပ်ချုပ်ရေး ဌာနရဲ့ အချက်အလက်တွေအရ ကွန်ကရစ်ပါဝင်မှုဟာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိတယ်လို့လည်း တခါက ဖတ်ဖူးပါတယ်။ ကွန်ကရစ်လမ်းပါဝင်မှုနှုန်းဟာ နှစ်အလိုက်အတိမ်းအစောင်းရှိနိုင်သော်ငြားလည်း သေချာတာကတော့ အပေါ်ဆုံးလွှာကို ကွန်ကရစ်လမ်းအဖြစ်အသုံးပြုတာတော့  အလွန်နည်းပါးနေကြောင်းပါ။
မြန်မာနိုင်ငံရဲ့ လမ်းဆောက်လုပ်မှုအားလုံးကို ဒီနေရာမှာ ရေးရရင် အ၇မ်းရှည်သွားနိုင်လို့ မရေးသားလိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုေ တွကို ကာကွယ်ဖို့အတွက် နောက်ဆုံးအနေနဲ့ တစ်ခုတော့ ထောက်ပြချင်ပါတယ်။ အဝေးပြေးလမ်းမတွေမှာ လမ်းလယ်ကျွန်းထားတဲ့ ကိစ္စပါ။
အခုဖြစ်တဲ့ကိစ္စမှာ ကားသမားကြောင့် ဆိုပြီး အဆုံးသတ်သွားမှာကို အရမ်းစိုးရိမ်မိပါတယ်။ လူဆိုတာ အမှားမကင်းပါ။ ကားသမားတွေဟာလည်း အမှားမကင်းပါ။ လမ်းအင်ဂျင်နီယာတွေဟာ လမ်းဒီဇိုင်းဆွဲတဲ့အခါမှာ လူတွေရဲ့ အမှားဖြစ်နိုင်မှုတွေကို ထည့်သွင်းတွက်ချက်ပြီး ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုကို
ကာကွယ်ရပါ့မယ်။ အဲဒီအကောင်မှားလို့ ဖြစ်တာပါဗျာ ဆိုပြီး မှတ်ယူလိုက်ရင်
နောက်လည်း မှားနေအုံးမှာဖြစ်ပြီး အပြစ်မဲ့ ခရီးသည်တွေလည်း
သေဆုံးနေကြရအုံးမှာပါ။ မြန်မာနိုင်ငံရဲ့ ယာဉ်မတော်တဆမှုတွေကြောင့်
သေဆုံးမှုဟာ အရမ်းမြင့်လွန်းနေပါတယ်။ ဒါကို ပစ်မှတ်ထား လျော့ချနိုင်အောင်
လုပ်ကြရမှာပါ။
လမ်းလယ်ကျွန်းဟာ လမ်းထက် လက်မအတော်မြင့်နေတော့ အဲဒါကို အရှိန်နဲ့ ကားဘီးနဲ့ ဆောင့်တိုက်လိုက်ရင် ကားယိုင်ပြီး အလွယ်တကူ တိမ်းစောင်းနိုင်မှာပါ။ ပထမဆုံးအနေနဲ့ လမ်းလယ်ကို မရောက်ရင် သတိပေးမှုတစ်ခုကို အချိန်မှီလုပ်နိုင်ဖို့အရေးကြီး ပါတယ်။
အမေရိကမှာဆိုရင် လမ်းရဲ့ အစွန် တစ်ဖက်တစ်ချက်မှာ rumble strip တွေကို
ခံထားပါတယ်။ ဆိုလိုတာက ကားဟာ တစ်ဖက်တစ်ချက်ကို ကျွံသွားရင် ကားဘီးဟာ rumble
strip ကို နင်းမိပြီး အသံတွေမြည်၊ ကားတွေ ခုန်ပါတယ်။ ဒါဟာ အိပ်ငိုက်နေတဲ့
ကားသမားရော၊ ခရီးသည်တွေကိုပါ တပ်လှန့်စေမှာဖြစ်ပြီး အသက်ကယ်နိုင်တဲ့
သတိပေးချက် life saving warning ဖြစ်စေမှာပါ။
နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကီလိုမီတာ ၁၀၀ လို သွားနေတဲ့ အဝေးပြေးလမ်းတွေမှာ လမ်းလယ်ကျွန်းတည်ဆောက်မှုကို ပြန်လည်သုံးသပ်ပြီး တခြား လမ်းလယ်ကားဆီးမှု median barrier နည်းတွေနဲ့ အစားထိုးနိုင်ဖို့ လေ့လာသင့်ပါတယ်။ ဥပမာ - cable barrier (သံ/သံမဏိ ကြိုး ကားဆီးမှု)၊ Steel guardrail စတဲ့ မတော်တဆဖြစ်ရင်တောင် ကားတွေ တိမ်းမှောက်မှု အဖြစ်နည်းတဲ့ နည်းတွေကို လေ့လာသင့်ပါတယ်။
လူမှန်နေရာမှန်၊ နည်းမှန်စနစ်မှန် တည်ဆောက်ခြင်းဖြင့် ပြည်သူ့အသက်ပေါင်းများစွာကို ၀ိုင်းဝန်းကာကွယ်ကြပါစို့…
ကျော်ထူးအောင်
ဦးရဲထွဋ်ရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ မေလ ၂၅ ရက် အဝေးပြေးယာဉ်တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ လမ်းဆောက်လုပ်ရေးနဲ့ပတ်သက်နေတော
ပထမဆုံးအနေနဲ့ “ကွန်ကရစ်လမ်း”သုံးမသုံးပေါ့။ အမေရိကန်ပြည်ထောင်စုကို မှီငြမ်းပြီး ပြောရမယ်ဆိုရင် ကွန်ကရစ်လမ်းကို သုံးတုန်းပါ။ (၁၈၁၈ ခုနှစ် နယူးယောက်ပြည်နယ် Erie တူးမြောင်းဆောက်လုပ်ရေးမှာ ကွန်ကရစ်ကို စသုံး။) ဒါပေမယ့် ဦးရဲထွဋ်ရဲ့ အမေရိကန်နိုင်ငံအဝေးပြေးလမ်းမျာ
ဒါဆို ဦးရဲ့ထွဋ်ပြောတဲ့ လမ်းတွေရဲ့ ၃၀ ရာခိုင်နှုန်းဆိုတာ ပုံကြည့်ချဲ့သလို ဖြစ်နေတယ်ပေါ့လို့ မေးကြပါလိမ့်မယ်။ ဒါဟာ ပုံကြည့်ချဲ့တာ မဟုတ်ဘူးလို့ အတိုချုပ်ဖြေရပါလိမ့်မယ်။ တကယ်တော့ ၃၀ ရာခိုင်နှုန်းဟာ နည်းတောင်နည်းနေပါသေးတယ်။ ဒါကို ရှင်းဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လမ်းတည်ဆောက်ပုံကို အနည်းငယ်ရှင်းပြဖို့ လိုပါလိမ့်မယ်။
လမ်းချောတည်ဆောက်ရာမှာ အကြမ်းအားဖြင့် ၂ မျိုးရှိပါတယ်။ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်း။
ဒါပေမယ့် လမ်းတည်ရှိမယ့် ဒေသတည်နေရာ၊ ရာသီဥတု၊ ယာဉ်သွားလာမှုနှုန်း၊ ကုန်တင်ကားကြီးပါဝင်မှုနှုန်း၊ အောက်ခံမြေသားလွှာ၊ အနည်းတ၀ိုက် လမ်းခင်းကုန်ကြမ်းရရှိနိုင်မှုန
နောက်တစ်ခုက loading condition ပါ။ ကားတွေဖြတ်သွားရင် လမ်းပေါ်မှာ ထုထောင်းသလိုဖြစ်သွားတဲ့အတွက် stress အဖြစ်ကျန်နေခဲ့ပါတယ်။ အဲဒီ stressတွေရဲ့ အောက်ခြေအလွှာတွေအပေါ် ပြန့်နှံ့မှုဟာ ကတ္တရာလမ်းနဲ့ ကွန်ကရစ်လမ်းတွေအပေါ်မှာ ကွားခြားမှုရှိပါတယ်။ Technical အရမ်းမဆန်ပဲ အတိုချုပ်ပြောရရင် ကတ္တရာလမ်းတွေဟာ stress ပြန့်နှံ့နိုင်ဖို့ အလွှာလေးတွေ အမျိုးမျိုးခံပြီး ခင်းရပါတယ်။ အဲဒီအလွှာတွေထဲမှာ ကွန်ကရစ်အလွှာလဲ ပါတတ်ပါတယ်။ အထူးသဖြင့် Interstate လို့ခေါ်တဲ့ ပြည်နယ်ကြားကူးလူးသွားလာနိုင်တဲ
ဒါကြောင့် ကားမောင်းသူတွေအဖို့ အပေါ်လွှာပဲ မြင်ရပြီး ကတ္တရာလမ်းတွေပါပဲလို့ ထင်နိုင်သော်ငြားလည်း လမ်းတစ်ခုလုံးမှာ ပါဝင်တဲ့ အလေးချိန်အားဖြင့် ယှဉ်ထိုးကြည့်မယ်ဆိုရင် ကွန်ကရစ်ပါဝင်မှုနှုန်းဟာ မြင့်နေရခြင်းဖြစ်ပါတယ်။ Federal Highway Adminstration (FHWA) လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု အဝေးပြေးလမ်းအုပ်ချုပ်ရေး ဌာနရဲ့ အချက်အလက်တွေအရ ကွန်ကရစ်ပါဝင်မှုဟာ ၆၀ ရာခိုင်နှုန်းဝန်းကျင် ရှိတယ်လို့လည်း တခါက ဖတ်ဖူးပါတယ်။ ကွန်ကရစ်လမ်းပါဝင်မှုနှုန်းဟာ နှစ်အလိုက်အတိမ်းအစောင်းရှိနိုင
မြန်မာနိုင်ငံရဲ့ လမ်းဆောက်လုပ်မှုအားလုံးကို ဒီနေရာမှာ ရေးရရင် အ၇မ်းရှည်သွားနိုင်လို့ မရေးသားလိုပါဘူး။ ဒါပေမယ့် ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုေ
အခုဖြစ်တဲ့ကိစ္စမှာ ကားသမားကြောင့် ဆိုပြီး အဆုံးသတ်သွားမှာကို အရမ်းစိုးရိမ်မိပါတယ်။ လူဆိုတာ အမှားမကင်းပါ။ ကားသမားတွေဟာလည်း အမှားမကင်းပါ။ လမ်းအင်ဂျင်နီယာတွေဟာ လမ်းဒီဇိုင်းဆွဲတဲ့အခါမှာ လူတွေရဲ့ အမှားဖြစ်နိုင်မှုတွေကို ထည့်သွင်းတွက်ချက်ပြီး ပြည်သူလူထုရဲ့အသက်ဆုံးရှုံးမှုက
လမ်းလယ်ကျွန်းဟာ လမ်းထက် လက်မအတော်မြင့်နေတော့ အဲဒါကို အရှိန်နဲ့ ကားဘီးနဲ့ ဆောင့်တိုက်လိုက်ရင် ကားယိုင်ပြီး အလွယ်တကူ တိမ်းစောင်းနိုင်မှာပါ။ ပထမဆုံးအနေနဲ့ လမ်းလယ်ကို မရောက်ရင် သတိပေးမှုတစ်ခုကို အချိန်မှီလုပ်နိုင်ဖို့အရေးကြီး
နောက်တစ်ခုက မြန်မာနိုင်ငံမှာ ကီလိုမီတာ ၁၀၀ လို သွားနေတဲ့ အဝေးပြေးလမ်းတွေမှာ လမ်းလယ်ကျွန်းတည်ဆောက်မှုကို ပြန်လည်သုံးသပ်ပြီး တခြား လမ်းလယ်ကားဆီးမှု median barrier နည်းတွေနဲ့ အစားထိုးနိုင်ဖို့ လေ့လာသင့်ပါတယ်။ ဥပမာ - cable barrier (သံ/သံမဏိ ကြိုး ကားဆီးမှု)၊ Steel guardrail စတဲ့ မတော်တဆဖြစ်ရင်တောင် ကားတွေ တိမ်းမှောက်မှု အဖြစ်နည်းတဲ့ နည်းတွေကို လေ့လာသင့်ပါတယ်။
လူမှန်နေရာမှန်၊ နည်းမှန်စနစ်မှန် တည်ဆောက်ခြင်းဖြင့် ပြည်သူ့အသက်ပေါင်းများစွာကို ၀ိုင်းဝန်းကာကွယ်ကြပါစို့…
ကျော်ထူးအောင်
Labels:
Facebook
Subscribe to:
Posts (Atom)