Saturday, August 16, 2014

သြဇီပီအာအကြောင်း အကျဉ်းချုပ်

ကျွန်တော်သိသလောက်တော့ သြဇီထွက်ဖို့ အခွင့်အရေးတွေအကုန် ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ သြဇီမှာ နေထိုင်ခွင့်ရဖို့ နည်းလမ်းများစွာရှိတဲ့အထဲက Skilled Migrant လို့ ခေါ်တဲ့ PR လျှောက်ထားခွင့်ကို သိသလောက် ဝေမျှချင်ပါတယ်။

သြဇီမှာ PR ရဖို့ အတွက် လျှောက်ထားရတာ တော်တော်ရှုပ်ပါတယ်။ အဓိက အဆင့် ၄ ဆင့်ရှိပါတယ်။ ကိုယ် က Skilled migrant အနေနဲ့ သွားမယ်ဆိုရင် ပထမအဆင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထောက်ခံစာ ယူရပါမယ်။ တကယ်လို့ ကိုယ်က အင်ဂျင်နီယာဆိုရင် Engineer Australia အဖွဲ့ကနေ ထောက်ခံစာ၊ ကိုယ်က ဆရာဝန်ဆိုရင် Medical Board of Australia ကနေ ထောက်ခံစာ၊ ကွန်ပျူတာသမားဆိုရင် Australia Computer Society ကနေ ထောက်ခံစာ အသီးသီး ယူရပါမယ်။ အဲဒါကို Skilled Assessment လုပ်တယ်ခေါ်တယ်။

သြဇီမှာ PR ကျဖို့ဆိုရင် Point 60 လိုပါတယ်။ IELTS ဖြေပြီးလည်း အမှတ်တွေ ရနိုင်ပါတယ်။ အနည်းဆုံးလိုအပ်ချက်က IELTS individual 6, 10 point ရဖို့ 7 each, 20 points ရဖို့ 8 each။ တခြားအမှတ်တွေ ဘယ်လိုရနိုင်လဲ ဒီမှာ သွားကြည့်နိုင်ပါတယ်။
http://www.immi.gov.au/Visas/Pages/190.aspx
အဲဒီမှာ ကိုယ့်အမှတ်က State Sponsor ဖြစ်ဖြစ်၊ Employer Sponsor ဖြစ်ဖြစ် ယူဖို့မလိုဘူးပဲ ၆၀ ပြည့်လောက်တယ်ဆိုရင် ကြိုက်တဲ့ State ကို သွားလို့ ရပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ State sponsor ယူပြီး အဲဒီState မှာ အနည်းဆုံး ၂နှစ်နေပြီး ကြိုက်တဲ့နေရာကို ပြောင်းလို့ ရမယ်။ State Sponsor ဘယ်လိုပေးလဲ ဆိုတော့ Occupation in demand list လို့ ခေါ်တဲ့ လိုအပ်နေတဲ့ အလုပ်တွေကို State အသီးသီးက ကြော်ငြာပါတယ်။ ဥပမာအနေနဲ့ Western Australia မှာတင်ထားတဲ့ demand list ကိုဖော်ပြပေးပါတယ်။
http://www.migration.wa.gov.au/.../occupationsindemand.aspx
ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်ရှိတယ်ဆိုရင်တော့ အဲဒီState မှာ နေထိုင်ခွင့်လျှောက်လို့ ရရင် 5 points ရပါမယ်။ အဲဒါက ဒုတိယအဆင့်ပါ။

ပြီးတော့မှ Australia Immigration ကို တင်ပြီး အမှတ် ၆၀ ပြည့်နိုင်မယ် ဆိုရင် အစိုးရကနေပြီး PR ချပေးပမယ်။ အဲဒီတော့မှ ဆေးစစ်တာတွေနဲ့ တခြားလိုအပ်တာတွေ ထပ်တင်ရပါမယ်။ အဲဒါ တတိယအဆင့်ပါ။

နောက်ဆုံးအဆင့်ကတော့ သြဇီကိုသွားပြီး PR ကဒ်ထုတ်တာပါပဲ။ တကယ်တော့ သြဇီပီအာက တော်တော်ရှုပ်ပါတယ်။ အဲဒါကြောင့်လူတော်တော်များများ နားမလည်ကြလို့ Agent တွေဆီကနေ လျှောက်ကြတာများပါတယ်။ Agent ကိ Point ကို ဘယ်ကနေ ဖဲ့ယူရမလဲ ကောင်းကောင်းသိပါတယ်။ Agent Fees အနေနဲ့တော့ ဒေါ်လာ ၂၀၀၀ ကနေ ၅၀၀၀ ကျော်လောက်အထိ ရှိပါတယ်။ ပြီးတော့ သြဇီအစိုးရကိုလည်း အားလုံးပေါင်း ၅၀၀၀ နီးပါး ပေးရတယ်ကြားပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် သြဇီပီအာအကြောင်းပါ။