Friday, August 17, 2007

Happy Birthday သံလွင်အိပ်မက်


သံလွင်အိပ်မက် အမှတ်(၁)ကို ၂၀၀၄ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာ စပြီးထုတ်ဝေခဲ့တဲ့အတွက် ဒီနေ့ ၃နှစ်ပြည့်ပါပြီ။ ဒီ၃နှစ်အတွင်း အခက်အခဲတွေ အများကြီးတွေ့ခဲ့သလို အဆင်မပြေတာတွေကိုလည်း ရှိခဲ့ပါတယ်။ ဒါတွေကို အောက်ပါလူတွေ မပါပဲ ကျွန်တော်၊ ညီညီ၊ နေမျိုး၊ ကိုငယ်တို့ လေးယောက်တည်းနဲ့ သံလွင်အိပ်မက်ဆိုတာ မဖြစ်လာနိုင်တဲ့အတွက် ကျေးဇူးစကား အရင်ပြောချင်ပါတယ်။

- စာမူများကို အသုံးပြုခွင့်ပေးတဲ့ ဆရာမင်းလူ၊ ဆရာမောင်သစ်ဆင်း၊ ဆရာဖေမြင့်နဲ့ ကာတွန်းတွေကို ကြိုက်တာသုံးဆိုပြီး ပေးခဲ့တဲ့ ဆရာအော်ပီကျယ်။
- စာမူလိုတယ်ဆို စာမူ၊ ဘာသာပြန်ဖို့လိုရင် ဘာသာပြန်၊ စာရိုက်စရာရှိရင်လည်း ရိုက်ပေးခဲ့တဲ့ သူငယ်ချင်း ခွန်မြလှိုင်
- သံလွင်အိပ်မက်ကို စာမူတွေပို့ကြဖို့ ပလန်းနက်ထဲမှာရော တခြားနေရာတွေမှာပါ လိုက်ကြော်ငြာပေးတဲ့ ညီလင်းဆက်
- ၀တ္ထုတွေပို့ပေးခဲ့ကြတဲ့ ခရေဖြူ၊ ညီသစ်၊ နိုင်းနိုင်းစနေဇွဲလင်းလက်ကြယ်စင်၊ မင်းနေမာန်ခ၊ မွန်းသက်ပန်မအိမ်ချမ်းမြေ့
- ဆောင်းပါးတွေ ရေးပေးခဲ့ကြတဲ့ မဟနစံ၊ ချမ်းမြေ့သူ၊ စကားပန်း၊ မင်းသစ္စာ၊ မကေသွယ်
- ကဗျာတွေပေးပို့ခဲ့ကြတဲ့ သူတွေနဲ့ တခြားစာမူများကို ပေးပို့ခဲ့သူများ။
- သံလွင်အိပ်မက်အလှူလုပ်တိုင်း လိုက်ကူညီခဲ့သလို စာမူတွေလည်း ပေးခဲ့တဲ့ မိုးလှိုင်ည
- ကာတွန်းတွေကို လိုချင်တဲ့ပုံစံအတိုင်း ဆွဲပေးခဲ့တဲ့ ခန့်ငြိမ်းသက်။
- အင်တာဗျူးတွေကို တတ်နိုင်သလောက် ဖြေပေးခဲ့ကြသူများ။
- စာတွေကူရိုက်ပေးခဲ့ကြတဲ့ နေနေနိုင်၊ ဒီမို၊ မချစ်လေပြေ Heaven CyberCafeက မိသားစုများ။
- နိုင်ငံတကာက သံလွင်အိပ်မက်အဖွဲ့ဝင်တွေ။
- အဝေးတစ်နေရာက အမြဲအားပေးနေကြတဲ့ အကို၊ အမများ။
- စကားဝိုင်းထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့သူများ။
- ဝေဖန်အကြံပြု၊ အားပေးစာများ ပေးပို့ခဲ့သူများ။
- Websiteအတွက် ကျခံခဲ့ရသော ငွေကြေးများ။
- Issueတစ်ခု ထွက်ခါနီးတိုင်း အိပ်ပျက်ခဲ့သော ညများ။
- အခုဒီအထဲမှာ မပါပေမယ့် တခြားတခြားသော ကျေးဇူးတင်ထိုက်သူများနဲ့
- သံလွင်အိပ်မက် အမှတ်(၁)မှ အမှတ်(၁၁)ထိ အားပေးခဲ့တဲ့ စာဖတ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါကြောင်း အယ်ဒီတာအားလုံးရဲ့ ကိုယ်စားပြောချင်ပါတယ်။
သံလွင်အိပ်မက်ဟာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာလူငယ်များအတွက် ရည်ရွယ်ပြီးထုတ်ဝေမယ်လို့ မူချမှတ်ခဲ့တာနဲ့ အညီ အဲဒီမူနဲ့ မကိုက်ညီတဲ့ စာမူများ၊ အရေးအသားအားနည်းတဲ့ စာမူများ၊ အကြောင်းအရာပိုင်း မပြည့်စုံတဲ့ စာမူများကို ပယ်ခဲ့ရတဲ့ အတွက်အလွန် စိတ်မကောင်းဖြစ်မိပါတယ်။

သုံးနှစ်သား သံလွင်အိပ်မက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာဖတ်သူတွေကို သုတ၊ ရသပေးနိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုသော မဂ္ဂဇင်းတစ်စောင်ဖြစ်သွားဖို့ ဆုမွန်ကောင်း တောင်းရင်း သံလွင်မောင်ရဲ့ သူငယ်ချင်းသို့ ပေးစာ(၅) မှာ ဖော်ပြခဲ့တဲ့ စာသားတစ်ချို့ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

``တို့ဗမာလူငယ်တွေလည်း ကမ္ဘာအနှံ့ ခြေစင်္ကြာဖြန့်နေလိုက်ကြတာ မြန်မာပြည်မှာ လူငယ်တွေ ကျန်မှ ကျန်သေးရဲ့လားလို့တောင် ထင်မိတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ များတော့ ကောင်းပါတယ်လေ။ ဒါမှ အနာဂတ် မြန်မာပြည် တည်ဆောက်ဖို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အမြင်သစ်တွေ၊ အတွေးအခေါ်ဆန်းတွေကို ပြန်ပြီး သယ်လာနိုင်မှာ မဟုတ်လား။ ဧပရယ်လ်ရယ်...ဘာပဲဖြစ်ဖြစ် သိပ်မဝေးတဲ့ အနာဂတ်မှာ ငါတို့ ချစ်တဲ့ မြန်မာပြည် တိုးတက်ကောင်းစားရေးအတွက် ငါတို့လူငယ်တွေ အားလုံးအတူတကွ ကိုယ်စီကိုယ်ငှ တာဝန်ယူကြမယ်လို့ဖြင့် ငါတော့ ယုံကြည်မိတယ်။ `ဒါတို့ပြည်၊ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ´လို့ ငါတော့ ခပ်တိုးတိုးလေး ညည်းရင်း ငါတို့လူငယ်တွေ အားလုံး ငါတို့မြေမှာ ပြန်ဆုံကြမယ့် နေ့ရက်တွေကို မျှော်လင့်မိတယ်။´´

ညီညီနဲ့ သံလွင်အိပ်မက်

နေဘုန်းလတ်နဲ့ သံလွင်အိပ်မက်

22 comments:

နိုင်းနိုင်းစနေ said...

သံလွင် အိပ်မက် အဓွန့်ရှည်ပါစေ

အယ်ဒီတာနှင့် စာရေးသူများကြား
အယ်ဒီတာနှင့် စာဖတ်သူများကြား
စာရေးသူနှင့် စာဖတ်သူများကြား က ခင်မင်မှုတွေ၊ ကြိုးစားမှုတွေရဲ့ ကောင်းချီးနဲ့အတူ သံလွင်အိပ်မက် သက်တော်ရာရှည်ပါစေ.. အဓွန့်ရှည်ပါစေ.. ရှေ့ဆက်မဲ့လမ်း ဒီထက် ဖြောင့်ဖြူးပါစေ..

Anonymous said...

Great appreciation to 4 Editors, persons who type for my stories and all readers.
Thanks for encouragement and confidence given by Ko sithu(Thanlwin) to start writing and to keep subsequent writing.
Thanks for discussion from Ko Ngal

Wish Mr. Sithu to get pretty, intelligent, educated, rich and lovely girl friend as fast as possible. :P (two and above)Happy?

Anonymous said...

ရင်ထဲမှာ နွေးထွေးစွာနဲ့ ပီတိဖြာပြီး ပြန်သွားပါတယ်။
နေ့မအား၊ ညမအား စီစဉ်သူတွေရော၊ ရေးသူ၊ဆွဲသူ၊ ဖတ်သူ၊ ကြော်ငြာသူ အားလုံးအားလုံးကို
ကျေးဇူးတင် လေးစားလျှက်…
သံလွင် အဓွန့်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

A random thoughts of a Burmese man said...

လေးစာလျှက်ပါ..ကိုသံလွင်တို့ခင်ဗျား...
ခင်ဗျားတို့ရဲ့ လုပ်ဆောင်မှုမှာ တစ်တပ်တစ်အား ပါဝင်အားဖြည့်ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်

Layma said...

Happy birthday Thanlwinainmat...
Thanlwinainmat...pls inform kozinkolat that I tagged him...
thank u Thanlwinainmat ....

MELODYMAUNG said...

ံHappy Birthday သံလွင်အိမ်မက်ရေ

ငွေရတု ရွှေရတု တိုင်ပါစေ

Anonymous said...

ကိုသံလွင်မောင်တို့ရေ...နောက်နှစ်ပေါင်း ရာထောင်ချီတိုင် မွေးနေ့ပွဲတွေ ကျင်းပနိုင် ပါစေ . . .

Anonymous said...

Happy Birthday သံလွင်အိပ်မက်ရေ..
သံလွင်အိပ်မက် အဓွန့်ရှည်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်..
သံလွင်အိပ်မက်က အစ်ကိုများအား အစဉ်အားပေးလျှက်..

သံလွင်အိပ်မက် ရဲ့ အမာခံပရိသတ်ကြီး,
ဒီမို =)

pandora said...

စထွက်တဲ့ အချိန်ကစလို့ အမြဲအားပေးနေပါတယ်။
သံလွင်အိပ်မက်မဂ္ဂဇင်း အဓွန့်ရှည်သလို
သံလွင်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ။

ကိုဖြိုး said...

ရတယ်လေ ငါက တစ်လုံးကို တစ်ပို့စ်နဲ့တင်မှာ

Anonymous said...

Happy Be lated Birthday "Thanlwinainmat"....

Chit Lay Pyay said...

Happy Birthday Thanlwinainmat!!

သံလွင်အိပ်မက် သက်တော်ရာကျော် ရှည်ပါစေသော်။ ဇင်ကိုကလဲ စာလေး တစ်ပုဒ် လောက် ရိုက်ပေးတာကို ကျေးဇူးတင်ကြောင်းထည့်ရေးထားတော့ ရှက်တောင်ရှက်တယ်၊ ဘာပဲဖြစ်ဖြစ် ကျေးဇူးနော်၊

Mr.Pooh @ မောင်ပွတ် said...

Thanlwin, a river in my heart !

Anonymous said...

အားပေးလျှက်ပါ ၃နှစ်သား သံလွင်အိပ်မက်ရေ

ZawZaw said...

သ့လွင်အိပ်မက်ကို စဉ်ဆက်မပျက် အမြဲ မက်နိုင်ကြပါစေဗျာ

sisain said...

Happy Belated Birthday Thanlwin..,

Thant Ko said...

Happy Birthday TLAM!!!

Unknown said...

ဟုတ်.... အခုလို သံလွင်အိပ်မက်ရဲ့ မွေးနေ့ပွဲမှာ ဆုတောင်းပေးကြတဲ့ လူအားလုံးကို ကျေးဇူးအထူး တင်ရှိပါကြောင်း။

Anonymous said...

cheap nfl jerseys
michael kors outlet sale
beats by dr dre
fitflops clearance
ralph lauren,polo ralph lauren,ralph lauren outlet,ralph lauren italia,ralph lauren sito ufficiale
michael kors outlet
longchamp pliage
michael kors outlet
tory burch outlet
polo ralph lauren
lebron shoes
chrome hearts outlet
nfl jerseys wholesale
timberland shoes
michael kors handbags
rolex watches
fitflop sale
longchamp pas cher
oakley sunglasses uk
omega watches
ray-ban sunglasses
michael kors wallet
tiffany outlet
true religion jeans
juicy couture outlet
cheap football shirts
polo ralph lauren
nike air huarache
michael kors bags
cheap jordan shoes
mcm backpack
adidas trainers
burberry outlet store
michael kors outlet
polo ralph lauren
20160606zhenhong

Unknown said...

louis vuitton neverfull sale
lululemon uk
michael kors canada
canada goose coats
michael kors outlet
oakley sunglasses
fitflops uk
coach outlet store
polo ralph lauren
michael kors online
ferragamo outlet
michael kors uk
ugg outlet
coach outlet online
coach outlet clearance
true religion jeans outlet
reebok outlet store
fred perry polo shirts
michael kors handbags
lululemon outlet
michael kors outlet clearance
burberry outlet
ugg outlet store
michael kors outlet
nike roshe run shoes
michael kors factory outlet
swarovski outlet
ralph lauren polo
hollister clothing
nike air max 90
cheap nhl jerseys
nike air huarache
coach outlet online
dior sunglasses
nike outlet store
michael kors factory outlet
burberry outlet sale
0811jianxaing

gethea said...

replica bags india best replica ysl bags replica bags china

Unknown said...

why not try this out good quality replica bags Discover More Here best replica bags view it best replica bags