Saturday, April 28, 2007

ဘလော့ခ်ကာများနှင့် အတူ

ကျွန်တော်ရဲ့ မကောင်းတဲ့ (ကျွန်တော်အတွက်တော့ ထူးခြားတဲ့ အူကြောင်ကြောင်နိုင်တဲ့) အချက်(၁၀)ချက်ကို ပြောပါဆိုရင် ပထမဆုံးအချက်က နောက်ကျတတ်တယ်ဆိုတာ ဖြစ်မယ်ထင်တယ်။ တခြားဘလော့ခ်ကာတွေက သူတို့တက်ပြီးလို့ မေ့တောင်နေလောက်တဲ့အချိန်မှပဲ . . . ။ ကျွန်တော့်အကြောင်းမပြောခင် တခြားဘလော့ခ်ကာတွေနဲ့ ကျွန်တော်နဲ့ တော်တော်များများ သွားတူနေတာကို တွေ့ရတယ်။ အဲဒါကြောင့် တူတာလေးတွေကို အရင်ချပြချင်တယ်။

၁။ နေဘုန်းလတ်အတိုင်း နောက်နေ့ ရွှေ့လို့ ရတဲ့အလုပ်ကို ဒီနေ့ မလုပ်ပါနှင့်ဆိုတဲ့စကားကို လက်ကိုင်ထားတယ်။ (ဒီ၁၀ချက်ကို အခုမှရေးတာပဲကြည့်)

၂။ ကျွန်တော့်ကို တက်လုပ်သွားတဲ့ ညီညီ(သံလွင်)လို သွားရင်းလာရင်း Sport carလေးတွေ မြင်ရင် တမေ့တမော လိုက်ကြည့်တတ်တယ်။ (ကားမစီးရသေးသရွေ့ ကားကားပြီး လျှောက်ရရင် မကောင်းဘူးဖြစ်မယ်)

၃။ နိုင်းနိုင်းစနေလို အရွဲ့တိုက်တတ်ပြီး ထော်လော်ကန့်လန့် နိုင်လွန်းလို့ တစ်ယောက်သောသူက စိတ်ညစ်ရပါတယ်။ (ဒါမကိုင်နဲ့ဆို နဲနဲတော့တို့လိုက်ရမှ)

၎။ စိုးဇေယျထက်ကို အအိပ်ကြီးသူဖြစ်ပါတယ်။ (Missed call ၄၈ခါ ဖြစ်ပြီးတာတောင် မနိုးပါ)

၅။ ညီမလင်းလက်ကြယ်စင်အတိုင်း ကျောင်းစာကျက်ချိန်နည်းသလောက် တခြားဟာတွေနဲ့ ရှုပ်နေတတ်ပါတယ်။(အခုတောင် ကျောင်း ၄လနားထားတယ်)

၆။ ၀ိုင်ချို(ကျော်ဇေယျ)လို ဘောလုံးပွဲကို အရူးအမူးစွဲလန်းပြီး အားပေးတဲ့ အသင်းရှုံးရင် မီလျံနာဘောလုံးသမားတွေကိုရော ဒိုင်လူကြီးကိုပါ တပြားမတန်ဆဲပါတယ်။(ဥပမာ။ ။ဟေ့ကောင် ဘက်ခမ်း၊ မင်း မိန်းမနားပဲကပ်နေ၊ ဘောလုံးမကန်နဲ့တော့)

၇။ ကိုရန်အောင်လို ခရီးသွားရင် အိမ်သာမတက်ဘူး။ ရွံလို့ပါ။ (အလုပ်ထဲမှာတောင် ၂မိနစ်လောက် လျှောက်ရင်ရောက်တဲ့ မသန့်တဲ့အိမ်သာကို မတက်ပဲ၊ ၁၀မိနစ်လောက်လျှောက်ပြီး သန့်တဲ့အိမ်တာမှာတက်တယ်)

၈။ တက်စလာလို ဘာဖြစ်လို့များ လူရယ်လို့ ဖြစ်လာရတာလဲလို့ စဉ်းစားမိတယ်။ (အင်း . . .ဘာဖြစ်လို့များပါလိမ့်နော်)

၉။ တက်လုပ်ပြီးမှ ပြန်ရုပ်သိမ်းသွားတဲ့ ကိုမျက်လုံးလို ဘတ်စ်ကားပေါ်မှာ ကောင်မလေးတွေနား ဘယ်လို နေရာယူရမလဲဆိုတာ သိပါတယ်။ (ရှောင်စေတဲ့ ရှားစေ၊ ရှားစေတဲ့ ရှောင်စေနော်)

၁၀။ ညလေးလို တခုခုကို စိတ်ပါဝင်စားစွာ လုပ်နေရင် ဘယ်သူမှ လာရှုပ်တာမကြိုက်ပါ။ (ကျေးဇူးပြု၍ လာမနှောင့်ယှက်ပါနှင့် ဆိုပြီး နဖူးမှာကပ်ထားရမလိုပဲ)

ဆက်လက်ပြီး တက်ပါဦးမယ် . . . . . . . .

10 comments:

နိုင်းနိုင်းစနေ said...

ဘယ်နားတွေလိုက်တို့နေတာလဲ..
၇.ဒါကြောင့် အီးအီးတွေ ခဏခဏ ထွက်ကျတာကိုး..
ဟားဟား...

NayPhoneLatt said...

(Missed call ၄၈ခါ ဖြစ်ပြီးတာတောင် မနိုးပါ) ...
ဒါတော့ ကိုယ်တွေ့ကိုယ်တွေ့ ... ငါ တောင်အောက်ကနေ ဆောင့်ဆောင့်ကန်ရသေးတယ်လေ ... ဟုတ်တယ်ဟုတ်

Thet Htoo@Myat Lone said...

နောက်နေ့မှ တက်လည်း ရရဲ့သားနဲ့ ကိုဇင်ကိုလတ်ရယ်။

Unknown said...

နိုင်းနိုင်း >>> မထွက်ကျပါဘူး။ သန့်တဲ့အိမ်သာလည်းရောက်ရော မထွက်တော့တာက ပြသနာ။

မြို့တော် >>> အေးလေ မင်းဆောင့်ကန်လို့ ငါအိပ်ရေးတွေမ၀တာ

မျက်လုံး >>> နောက်နေ့တောင်မဟုတ်ဘူး၊ နောက်အပတ်လောက်ဖြစ်နေလို့

NayPhoneLatt said...

အိပ်ရေးမ၀လို့ပဲ ... လူကတော့ ဖက်တီးဖြစ်နေပြီ

Anonymous said...

Oh..no wonder u said u r on diet.. hehe.. =D

Unknown said...

အသုံးမကျတဲ့မြို့တော် >>> ဖက်တီး ဖက်တီးချင်းအတူတူ ငါ့ကိုချည်းပဲ ဖက်တီးပြောနေတာပဲ။ အရစ်တွေနဲ့ တပ်ကြပ်ကြီးအကြောင့်း ဘလော့ခ်ပေါ် တင်လိုက်မှာနော်။

demo >>> Yes Sis, I m on diet. but still cant diet :(

စိုးဇေယျထွန်း said...

အစ်ကိုရ ဘယ်တုန်းက 48 ခါ မစ်ကောဖြစ် အောင်ခေါ်ခဲ့တာလဲ ဗျ

Anonymous said...

အိပ်တာတော့ တော်တော် အိပ်နိုင်တာပဲ.. HaHaHa..

A random thoughts of a Burmese man said...

အတူတူဘဲ ကျနော်လဲ ခရီးသွားရင် လုံးဝ အိမ်သာ မတက်ဘူး.....